ယေရမိအနာဂတ္တိကျမ်း 46:28
ငါသည်သင်တို့ထံသို့ကြွလာ၍ သင်တို့အားကယ်တင်မည်။ သင်တို့အားငါကွဲလွင့်စေခဲ့ရာ နိုင်ငံတကာတို့ကိုငါဖျက်ဆီးမည်။ သို့ရာတွင်သင်တို့ကိုမူဖျက်ဆီးမည် မဟုတ်။ ငါသည်သင်တို့အားအပြစ်ဒဏ်မခတ်ဘဲ ထားမည်မဟုတ်သော်လည်း၊ အပြစ်ဒဏ်ခတ်သောအခါ၌မူကားမျှတစွာ ဒဏ်ခတ်မည်။ ဤကားငါထာဝရဘုရားပြောကြားသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 46
Cross References
Joshua 1:5ယောရှု၊ သင်အသက်ရှင်သမျှကာလပတ်လုံး မည်သူမျှသင့်အားခုခံနိုင်လိမ့်မည်မဟုတ်။ ငါသည်မောရှေနှင့်အတူရှိတော်မူသည့်နည်း တူပင် သင်နှင့်လည်းအတူရှိမည်။ သင့်ကိုမည် သည့်အခါမျှစွန့်ပစ်ထားမည်မဟုတ်။ သင် နှင့်အတူအစဉ်ရှိတော်မူမည်။-
Psalms 46:7အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။
Isaiah 8:9အချင်းနိုင်ငံခြားသားအပေါင်းတို့ကြောက်ရွံ့ လျက်စုဝေးကြလော့။ ရပ်ဝေးဒေသမှလူ အပေါင်းတို့၊ နားထောင်ကြလော့။ စစ်တိုက်ရန် အသင့်ပြင်ဆင်ကြလော့။ သို့ရာတွင်ကြောက် လန့်လျက်နေကြလော့။ သင်တို့သည်ယင်းသို့ အသင့်ပြင်ဆင်ကြသော်လည်းကြောက်လန့် လျက်နေရကြ၏။-
Isaiah 27:9ရုပ်တုကိုးကွယ်ရာယဇ်ပလ္လင်ကျောက်ရှိသမျှ သည် မြေဖြူကျောက်ကဲ့သို့ထုထောင်းချေမှုန်း ခြင်းကိုခံရ၍ အာရှရတံခွန်တိုင်များနှင့် နံ့သာပေါင်းကိုမီးရှို့ရာပလ္လင်များမကျန် မရှိတော့သည့်အချိန်ကာလမကျရောက် မီ ဣသရေလအမျိုးသားများသည် မိမိတို့ ၏အပြစ်များမှဖြေလွှတ်ဖယ်ရှားလိမ့်မည် မဟုတ်။
Isaiah 43:2သင်တို့သည်ရေနက်ထဲသို့လျှောက်သွားရသောအခါ ငါသည်သင်တို့နှင့်အတူရှိမည်။ ဆင်းရဲဒုက္ခများသည်သင်တို့ကိုလွှမ်းမိုး ရလိမ့်မည်မဟုတ်။ သင်တို့သည်မီးထဲသို့လျှောက်သွားရသော အခါ မီးအလောင်ခံရကြလိမ့်မည်မဟုတ်။ ပြင်းထန်သောစုံစမ်းခြင်းများသည်သင်တို့ကို ထိခိုက်နစ်နာစေလိမ့်မည်မဟုတ်။