ယေရမိအနာဂတ္တိကျမ်း 48:1
မောဘပြည်ကိုရည်မှတ်၍အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူသည်ကားဤသို့ တည်း။ ``နေဗောမြို့သူမြို့သားတို့အားကရုဏာ သက်ကြလော့။ သူတို့၏မြို့သည်ပျက်စီး၍သွားလေပြီ။ ကိရယသိမ်မြို့သည်ဖမ်းဆီးသိမ်းယူခြင်း ကိုခံ၍၊ ထိုမြို့၏ခံတပ်များသည်ဖြိုပျက်လျက် မြို့သူမြို့သားတို့သည်လည်းအရှက်ကွဲရ ကြ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 48
Cross References
Genesis 19:37သမီးအကြီးတွင်သားတစ်ယောက်ဖွားမြင်၍ မောဘဟုနာမည်မှည့်၏။ ထိုသားသည်လက်ရှိမောဘလူမျိုးတို့၏ဖခင်ဖြစ်သတည်း။-
Numbers 32:3``ထာဝရဘုရားကူမတော်မူခြင်းဖြင့်ဣသ ရေလအမျိုးသားတို့သိမ်းပိုက်ရရှိသော အတ ရုတ်မြို့၊ ဒိဘုန်မြို့၊ ယာဇာမြို့၊ နိမရမြို့၊ ဟေရှ ဘုန်မြို့၊ ဧလာလေမြို့၊ ရှေဘံမြို့၊ နေဗောမြို့နှင့် ဗောနမြို့များတည်ရှိရာဒေသတွင်စားကျက် ကောင်းများရှိပါသည်။ အကျွန်ုပ်တို့တွင်သိုး နွားတိရစ္ဆာန်များစွာရှိပါသည်။-
Isaiah 15:1ဤဗျာဒိတ်တော်သည်မောဘပြည်နှင့် သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ အာရမြို့နှင့်၊ ကိရမြို့တို့သည်တစ်ညဥ့်ချင်း ၌ပျက်ပြုန်း၍သွားရကြလေသည်။ မောဘ ပြည်သည်လည်းဆိတ်ငြိမ်လျက်နေ၏။-
Isaiah 25:12ဘုရားသခင်သည်မြင့်မားသည့်မောဘမြို့ ရိုး၊ ခံတပ်များကိုဖျက်ဆီးကာဖုတ်ထဲသို့ ပြိုကျစေတော်မူလိမ့်မည်။