The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 48 › ယေရမိအနာဂတ္တိကျမ်း 48:18

ယေရမိအနာဂတ္တိကျမ်း 48:18

ဒိ​ဘုန်​မြို့​တွင်​နေ​ထိုင်​သူ​တို့၊ သင်​တို့​သည်​ဂုဏ်​အ​သ​ရေ​ရှိ​သည့်​နေ​ရာ​မှ သက်​ဆင်း​၍​မြေ​မှုန့်​ပေါ်​တွင်​ထိုင်​ကြ​လော့။ မော​ဘ​ပြည်​ကို​ပျက်​ပြုန်း​စေ​သော​သူ​သည် ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​ကာ​သင်​၏​ခံ​တပ် များ​ကို ဖြို​ဖျက်​လိုက်​လေ​ပြီ။

Common Language Bible

In The King James Version

Thou daughter that dost inhabit Dibon, come down from thy glory, and sit in thirst; for the spoiler of Moab shall come upon thee, and he shall destroy thy strong holds.

In Context

17``နီး​နား​ပတ်​ဝန်း​ကျင်​တွင်​နေ​ထိုင်​သူ​တို့၊ထို နိုင်​ငံ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ ထို​နိုင်​ငံ​၏​ဂုဏ်​သ​တင်း​ကို​သိ​ရှိ​ကြ​သူ အ​ပေါင်း​တို့ `တန်​ခိုး​ကြီး​မား​သည့်​ဤ​နိုင်​ငံ​သည် ထီး​ကျိုး​စည်​ပေါက်​ဖြစ်​လျက် ယင်း​၏​ဘုန်း​အ​သ​ရေ​နှင့်​တန်​ခိုး​အာ​ဏာ​သည် ကွယ်​ပျောက်​သွား​လေ​ပြီ' ဟု​ပြော​ဆို​ကြ​လော့။

19အာ​ရော်​မြို့​တွင်​နေ​ထိုင်​သူ​တို့၊လမ်း​နံ​ဘေး တွင်​ရပ်​၍ စောင့်​နေ​ပြီး​လျှင် ထွက်​ပြေး​တိမ်း​ရှောင်​ကြ​သူ​တို့​အား​ဖြစ် ပျက်​သည့် အ​ချင်း​အ​ရာ​ကို​မေးမြန်း​လော့။

Read all of ယေရမိအနာဂတ္တိကျမ်း 48

Cross References

Genesis 21:16ကိုက်​တစ်​ရာ​ခန့်​အ​ကွာ​သို့​သွား​၍​ထိုင်​၏။ သူ က``သူ​ငယ်​ရေ​ငတ်​၍​သေ​သည်​ကို​ငါ​မ​မြင်​လို'' ဟု​ဆို​၏။ ထို​အ​ခါ​သူ​မ​သည်​ကျယ်​လောင်​စွာ ငို​လေ​၏။

Numbers 21:30သို့​ဖြစ်​၍​သူ​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် ဟေ​ရှ​ဘုန်​မြို့​မှ​ဒိ​ဘုန်​မြို့​သို့​လည်း​ကောင်း၊ နာ​ရှင်​မြို့​မှ​မေ​ဒ​ဘ​မြို့​အ​နီး​နော​ဖာ​မြို့​သို့ လည်း​ကောင်း၊ ဖျက်​ဆီး​သုတ်​သင်​ခြင်း​ခံ​ရ​လေ​ပြီ'' ဟူ​၍ စပ်​ဆို​ကြ​၏။

Joshua 13:9သူ​တို့​ရ​ရှိ​သော​နယ်​မြေ​သည်(အာ​နုန်​မြစ် ဝှမ်း​န​ဖူး​ပေါ်​ရှိ) အာ​ရော်​မြို့​နှင့်​မြစ်​ဝှမ်း အ​လယ်​ရှိ​မြို့​အ​ထိ​ကျယ်​ပြန့်​၍​မေ​ဒ​ဘ မြို့​နှင့်​ဒိ​ဘုန်​မြို့​အ​ကြား​ရှိ​ကုန်း​ပြင်​မြင့် တစ်​ခု​လုံး​ပါ​ဝင်​သည်။-

Judges 15:18ထို​နောက်​ရှံ​ဆုန်​သည်​အ​လွန်​ရေ​ငတ်​၍​လာ​သ ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့``ဤ​အောင်​ပွဲ​ကြီး ကို​အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​တော်​မူ​ခဲ့​ပါ ပြီ။ ယ​ခု​အ​ကျွန်ုပ်​သည်​ရေ​ငတ်​၍​သေ​ရ​ပါ တော့​မည်​လော။ ဘု​ရား​မဲ့​သူ​ဤ​ဖိ​လိတ္တိ​အ​မျိုး သား​တို့​၏​လက်​တွင်​အ​ဖမ်း​ခံ​ရ​ပါ​တော့​မည် လော'' ဟု​ဆု​တောင်း​၏။-

Isaiah 15:2ဒိ​ဘုန်​မြို့​သား​တို့​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ ဌာ​န​သို့ သွား​ရောက်​ငို​ကြွေး​ရန်​တောင်​ပေါ်​သို့ တက်​ကြ​၏။ မော​ဘ​ပြည်​သူ​တို့​သည်​လည်း နေ​ဗော​မြို့​နှင့်​မေ​ဒ​ဘ​မြို့​အ​တွက်​ဝမ်း​နည်း သ​ဖြင့်​အော်​ဟစ်​ငို​ကြွေး​ကြ​ကုန်​၏။ သူ​တို့ သည်​ဝမ်း​နည်း​ခြင်း​အ​ထိမ်း​အ​မှတ်​ဖြင့် ဆံ​ပင်​နှင့် မုတ်​ဆိတ်​များ​ကို​ရိတ်​ပစ်​ကြ​လေ သည်။-

Jeremiah 46:18အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရင်​ဖြစ်​တော်​မူ​၏။ ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ပေ​တည်း။ တာ​ဗော်​တောင်​ထိပ်​သည်​တောင်​တ​ကာ​တို့ ထက် မြင့်​သ​ကဲ့​သို့​လည်း​ကောင်း၊ က​ရ​မေ​လ​တောင်​ထိပ်​သည်​လည်း၊ပင်​လယ် အ​နီး​တွင် မြင့်​မား​စွာ​တည်​ရှိ​သကဲ့​သို့​လည်း​ကောင်း၊ သင်​တို့​တိုက်​ခိုက်​မည့်​သူ​သည်​ခွန်​အား ကြီး​မား ပေ​လိမ့်​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 48:18

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 48:17ယေရမိအနာဂတ္တိကျမ်း 48ယေရမိအနာဂတ္တိကျမ်း 48:19 →