ယေရမိအနာဂတ္တိကျမ်း 48:17
``နီးနားပတ်ဝန်းကျင်တွင်နေထိုင်သူတို့၊ထို နိုင်ငံအတွက် ငိုကြွေးမြည်တမ်းကြလော့။ ထိုနိုင်ငံ၏ဂုဏ်သတင်းကိုသိရှိကြသူ အပေါင်းတို့ `တန်ခိုးကြီးမားသည့်ဤနိုင်ငံသည် ထီးကျိုးစည်ပေါက်ဖြစ်လျက် ယင်း၏ဘုန်းအသရေနှင့်တန်ခိုးအာဏာသည် ကွယ်ပျောက်သွားလေပြီ' ဟုပြောဆိုကြလော့။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 48
Cross References
Isaiah 10:5ထာဝရဘုရားက``အို အာရှုရိအမျိုးသား တို့၊ ငါအမျက်ထွက်သောသူတို့အားအာရှုရိ အမျိုးသားတို့ကိုတင်းပုတ်အဖြစ်ဖြင့်ငါ အသုံးပြုမည်။-
Jeremiah 9:17အနန္တတန်ခိုးရှင်ထာဝရဘုရားက ``စဉ်းစားဆင်ခြင်ကြလော့။ ငိုချင်းသည်များ၊မသာသီချင်းကိုကျွမ်း ကျင်စွာ သီဆိုတတ်သူ အမျိုးသမီးများအားခေါ်ယူကြလော့'' ဟုမိန့်တော်မူ၏။
Jeremiah 48:39မောဘပြည်သည်ကြေမွ၍သွားလေပြီ။ မောဘပြည်သည်ငိုကြွေးလျက်နေလေပြီ။ မောဘပြည်သည်အသရေပျက်လေပြီ။ ထို ပြည်သည်ယိုယွင်းပျက်စီးလျက်နေသဖြင့် နီးနားဝန်းကျင်မှလူမျိုးအပေါင်းတို့သည် ယင်းကိုပြက်ရယ်ပြုကြကုန်၏။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူသည်။
Zechariah 11:10ထိုနောက်ငါသည်လူမျိုးတကာတို့နှင့် ထာဝရဘုရားပြုတော်မူခဲ့သည့်ပဋိ ညာဉ်တော်ကိုဖျက်သိမ်းသည့်အနေဖြင့်``ကျေး ဇူးပြုခြင်း'' နာမည်တွင်သောတောင်ဝှေး ကိုယူ၍ချိုးပစ်လိုက်လေသည်။-