ယေရမိအနာဂတ္တိကျမ်း 48:47
သို့ရာတွင်နောင်လာလတ္တံ့သောကာလ၌ ထာဝရဘုရားသည် မောဘပြည်ကိုတစ်ဖန် ပြန်၍ကောင်းစားလာစေမည်။ ဤကားမောဘ ပြည်အပေါ်သို့ကျရောက်မည့်အဖြစ်အပျက် နှင့်ပတ်သက်၍ ထာဝရဘုရားမိန့်တော်မူ သောစကားများဖြစ်သတည်း။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 48
Cross References
Deuteronomy 4:30သင်တို့သည်ဆင်းရဲဒုက္ခခံရ၍ဖော်ပြခဲ့ သောအခြေအနေသို့ဆိုက်ရောက်လာသော အခါ ထာဝရဘုရားအားဆည်းကပ်၍ အမိန့်တော်ကိုနာခံကြလိမ့်မည်။-
Job 19:25ငါ့ကို ရွေးနှုတ်သောသခင်သည် အသက်ရှင်၍၊ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည် ဟူ၍၎င်း၊
Isaiah 19:18ထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်မြို့ကြီးငါးမြို့တွင်ဟေဗြဲ ဘာသာစကားကိုသုံးစွဲကြလိမ့်မည်။ ထို မြို့များရှိလူတို့သည်ကျိန်ဆို၍ထာဝရ ဘုရားအားသစ္စာကတိပြုကြလိမ့်မည်။ ထို မြို့တို့အနက်မှမြို့တစ်မြို့သည်နေမင်း၏ မြို့ဟုနာမည်တွင်လိမ့်မည်။
Isaiah 25:11သူတို့သည်ရေကူးသူကဲ့သို့လက်များကို ဆန့်၍ကူးယက်ရန်ကြိုးစားပါသော်လည်း ထာဝရဘုရားသည်သူတို့၏မာန်မာန ကိုနှိမ့်ချသဖြင့်လက်များကိုလေးလံ ၍နေစေလိမ့်မည်။-
Jeremiah 12:15သို့ရာတွင်ငါသည်သူတို့အားယင်းသို့ဆွဲ ထုတ်ပြီးနောက်ကရုဏာပြမည်။ ထိုလူမျိုး အသီးသီးကိုမိမိတို့ပိုင်သည့်နယ်မြေသို့ လည်းကောင်း၊ မိမိတို့၏ပြည်သို့လည်းကောင်း ပြန်လည်ပို့ဆောင်မည်။-