The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 49 › ယေရမိအနာဂတ္တိကျမ်း 49:21

ယေရမိအနာဂတ္တိကျမ်း 49:21

ဧ​ဒုံ​ပြည်​ပြို​လဲ​သော​အ​ခါ​ကြီး​စွာ​သော အ​သံ​ဖြစ်​ပေါ်​လာ​သ​ဖြင့်​ကမ္ဘာ​မြေ​ကြီး သည်​တုန်​လှုပ်​၍​သွား​လိမ့်​မည်။ ကြောက်​လန့် အော်​ဟစ်​ကြ​သော​အ​သံ​များ​ကို​လည်း အ္ဂ​ဗာ​ပင်​လယ်​ကွေ့​တိုင်​အောင်​ကြား​ရ ကြ​လိမ့်​မည်။-

Common Language Bible

In The King James Version

The earth is moved at the noise of their fall, at the cry the noise thereof was heard in the Red sea.

In Context

20သို့​ဖြစ်​၍​ဧ​ဒုံ​ပြည်​သူ​တို့​အ​တွက်​ငါ​ပြု လုပ်​ထား​သည့်​အ​ကြံ​အ​စည်​ကို​လည်း​ကောင်း၊ တေ​မန်​မြို့​သူ​မြို့​သား​တို့​အ​တွက်​ငါ​ကြံ စည်​ထား​သည့်​အ​မှု​အ​ရာ​ကို​လည်း​ကောင်း နား​ထောင်​ကြ​လော့။ ရန်​သူ​သည်​သူ​တို့​၏ သား​သ​မီး​များ​ကို​ပင်​လျှင်​ဒ​ယဥ့်​တိုက် ဆွဲ​၍​ခေါ်​ဆောင်​သွား​လိမ့်​မည်။-

22ကောင်း​ကင်​မှ​အ​တောင်​ကို​ဖြန့်​လျက်​ထိုး​ဆင်း လာ​သည့်​လင်း​ယုန်​ငှက်​ကဲ့​သို့ ရန်​သူ​သည် ဗော​ဇ​ရ​မြို့​ကို​တိုက်​ခိုက်​လိမ့်​မည်။ ထို​အ​ခါ ဧ​ဒုံ​စစ်​သည်​တပ်​သား​တို့​သည်​သား​ဖွား ဝေ​ဒ​နာ​ခံ​ရ​သည့်​အ​မျိုး​သ​မီး​ကဲ့​သို့ ထိတ်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

Read all of ယေရမိအနာဂတ္တိကျမ်း 49

Cross References

Isaiah 14:4ဤ​သို့​ကိုယ်​တော်​ပြု​တော်​မူ​သော​အ​ခါ​၌ သူ​တို့​သည်​ဗာ​ဗု​လုန်​ဘု​ရင်​အား​ပြက်​ရယ် ပြု​ကာ၊ ``ရက်​စက်​ကြမ်း​ကြုတ်​သော​မင်း​သည်​ကျ​ဆုံး လေ​ပြီ။ သူ​သည်​နောက်​တစ်​ဖန်​အ​ဘယ်​သူ​ကို မျှ​ဖိ​နှိပ်​ချုပ်​ချယ်​ရ​တော့​မည်​မ​ဟုတ်။-

Ezekiel 21:16အ​ချင်း​ထက်​မြက်​သော​ဋ္ဌား၊ ဘယ်​ညာ​မ​ရွေး ခုတ်​ဖြတ်​လော့။ ဦး​တည်​ရာ​ခုတ်​ဖြတ်​လော့။-

Ezekiel 32:10သင့်​အား​ငါ​ပြု​သော​အ​မှု​ကြောင့်​သူ​တို့ သည်​အံ့​အား​သင့်​ကြ​လိမ့်​မည်။ ငါ​သည်​ဋ္ဌား ကို​ဝှေ့​ယမ်း​လိုက်​သော​အ​ခါ​ရှင်​ဘု​ရင် များ​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။ သင်​ပြို​လဲ​သော​နေ့​၌​သူ​တို့​အား​လုံး​ပင် မိ​မိ​တို့​၏​အ​သက်​အန္တ​ရာယ်​အ​တွက်​စိုး ရိမ်​ပူ​ပန်​ကာ ထိတ်​လန့်​တုန်​လှုပ်​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 49:21

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 49:20ယေရမိအနာဂတ္တိကျမ်း 49ယေရမိအနာဂတ္တိကျမ်း 49:22 →