The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 5 › ယေရမိအနာဂတ္တိကျမ်း 5:13

ယေရမိအနာဂတ္တိကျမ်း 5:13

သူ​တို့​က``ပ​ရော​ဖက်​တို့​သည်​လေ​သက်​သက်​သာ​လျှင်​ဖြစ်​၍ သူ​တို့​မှာ​ဟော​ကြား​စ​ရာ​ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ သူ​တို့​ဟော​သည့်​အ​တိုင်း​သူ​တို့​၌​ဖြစ်​ပါ​စေ'' ဟု​ဆို​ကြ​၏။-

Common Language Bible

In The King James Version

And the prophets shall become wind, and the word is not in them: thus shall it be done unto them.

In Context

12ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​အ​ကြောင်း​ကို​မ​ဟုတ်​မ​မှန်​ပြော​ဆို​ကြ​လေ​ပြီ။ သူ​တို့​က``ကိုယ်​တော်​သည်​အ​ဘယ်​သို့​မျှ​အ​ရေး​ယူ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ငါ​တို့​သည်​လည်း​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ စစ်​မက်​အန္တ​ရာယ်​ကို​သော်​လည်း​ကောင်း၊ ငတ်​မွတ်​ခြင်း​ဘေး​ကို​သော်​လည်း​ကောင်း​ကြုံ​တွေ့​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။-

14အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က``အို ယေ​ရ​မိ၊ ထို​သူ​တို့​သည်​ဤ​သို့​ပြော​ဆို​သ​ဖြင့် ငါ့​စ​ကား​သည်​သင်​၏​နှုတ်​တွင်​မီး​သ​ဖွယ်​ဖြစ်​၍ သူ​တို့​သည်​လည်း​ထင်း​ကဲ့​သို့​ဖြစ်​ရ​လိမ့်​မည်။ မီး​သည်​သူ​တို့​ကို​ကျွမ်း​လောင်​၍​သွား​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

Read all of ယေရမိအနာဂတ္တိကျမ်း 5

Cross References

Job 8:2သင်သည် အဘယ်မျှကာလပတ်လုံး ဤသို့ပြောမည်နည်း။ သင်ပြောသောစကားသည် အဘယ်မျှကာလ ပတ်လုံး လေပြင်းကဲ့သို့ ဖြစ်မည်နည်း။

Jeremiah 14:15ငါ​မ​စေ​လွှတ်​ဘဲ​ငါ​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ဤ​ပြည်​တွင်​စစ်​မက်​နှင့်​ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​အန္တ​ရာယ်​ကျ​ရောက်​လိမ့်​မည်​မ​ဟုတ် ဟု ဟော​ပြော​ကြ​သူ​ပ​ရော​ဖက်​တို့​အား​အ​ဘယ် သို့​ငါ​ပြု​မည်​ကို သင့်​အား​ငါ​ထာ​ဝ​ရ​ဘု​ရား ဖော်​ပြ​မည်။ ငါ​သည်​သူ​တို့​အား​စစ်​ပွဲ​တွင် ကျ​ဆုံး​စေ​မည်။ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း ဘေး​သင့်​၍​သေ​စေ​မည်။-

Jeremiah 20:8ကျွန်​တော်​မျိုး​သည်​ဟော​ပြော​သည့်​အ​ခါ​တိုင်း အော်​ဟစ်​၍``အ​ကြမ်း​ဖက်​မှု၊ပျက်​စီး​မှု'' ဟူ​၍ ကြွေး​ကြော်​ရ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ကိုယ် တော်​ရှင်​၏ ဗျာ​ဒိတ်​တော်​ကို၊ပြန်​ကြား​သ​ဖြင့် ကဲ့​ရဲ့​ခြင်း​ကို​လည်း​ကောင်း၊ သ​ရော်​စော်​ကား​ပြု​ခြင်း​ကို​လည်း​ကောင်း အ​စဉ်​မ​ပြတ်​ခံ​ရ​ပါ​၏။

Hosea 9:7ထိုက်​သင့်​သော​အ​ပြစ်​ဒဏ်​ကို​သူ​တို့​ခံ​ရ မည့်​အ​ချိန်​ရောက်​လာ​ပြီ။ ထို​အ​ချိန်​ရောက် လာ​သော​အ​ခါ ဣ​သ​ရေ​လ​ပြည်​သား​တို့ သိ​ကြ​လိမ့်​မည်။ သင်​တို့​က``ဤ​ပ​ရော​ဖက် သည်​သူ​ရူး​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သက်​ရောက် သူ​သည်​စိတ်​မ​နှံ့​သူ​ဖြစ်​၏'' ဟု​ဆို​ကြ​၏။ သင်​တို့​သည်​ကြီး​လေး​သော​အ​ပြစ်​ကို ကူး​လွန်​သော​ကြောင့်​ငါ့​ကို​အ​လွန်​မုန်း တီး​ကြ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 5:13

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 5:12ယေရမိအနာဂတ္တိကျမ်း 5ယေရမိအနာဂတ္တိကျမ်း 5:14 →