ယေရမိအနာဂတ္တိကျမ်း 50:10
ဗာဗုလုန်ပြည်သည်လုယက်ခြင်းကိုခံရ လိမ့်မည်။ လုယက်သူတို့သည်လည်း မိမိတို့ အလိုရှိသည့်ပစ္စည်းဥစ္စာမှန်သမျှကိုသိမ်း ယူကြလိမ့်မည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
And Chaldea shall be a spoil: all that spoil her shall be satisfied, saith the LORD.
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 50
Cross References
Jeremiah 25:12ထိုနောက်ငါသည်ဗာဗုလုန်ဘုရင်နှင့်ပြည်သူ တို့အား မိမိတို့ကူးလွန်သည့်အပြစ်အတွက် ဆုံးမမည်။ သူတို့၏ပြည်ကိုဖျက်ဆီးကာ ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေစေမည်။-
Jeremiah 50:37သူတို့၏မြင်းများ၊စစ်ရထားများကို ဖျက်ဆီးပစ်ကြလော့။ ငှားရမ်းထားသည့်စစ်သည်တပ်သားတို့ သည် သေဆုံးရကြလိမ့်မည်။ သူတို့သည်အလွန်အားအင်ချည့်နဲ့လျက် နေကြ၏။ ဗာဗုလုန်မြို့၏ပစ္စည်းဘဏ္ဍာများကို ဖျက်ဆီးပစ်ကြလော့။ ယင်းတို့ကိုတိုက်ခိုက်လုယက်ကြလော့။
Revelation 17:16သင်မြင်ရသောသားရဲနှင့်ဦးချိုဆယ်ချောင်း တို့သည် ပြည့်တန်ဆာမကိုမုန်းကြလိမ့်မည်။ သူတို့သည်ပြည့်တန်ဆာမထံမှရှိသမျှ ကိုချွတ်ယူလျက်အဝတ်အချည်းစည်းဖြစ် စေကြလိမ့်မည်။ သူ၏အသားကိုစား၍သူ့ ကိုမီးရှို့ကြလိမ့်မည်။-