ယေရမိအနာဂတ္တိကျမ်း 50:9
ငါသည်မြောက်အရပ်ရှိခွန်အားကြီးမား သည့်နိုင်ငံများကိုလှုံ့ဆော်ကာ ဗာဗုလုန်မြို့ ကိုတိုက်ခိုက်စေမည်။ သူတို့သည်စစ်ရေးစစ် ရာခင်းကျင်းလျက်ထိုမြို့ကိုတိုက်ခိုက်သိမ်း ယူကြလိမ့်မည်။ သူတို့သည်ပစ်မှတ်ကိုအစဉ် ထိမှန်အောင်ပစ်ခတ်နိုင်သူမုဆိုးကျော် များကဲ့သို့မိမိတို့လေးများကိုပစ်ခတ် တတ်ကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 50
Cross References
2 Samuel 1:22ခွန်အားကြီးသူတို့ကိုပစ်ခတ်ရာတွင်လည်း ကောင်း၊ ရန်သူကိုသတ်ဖြတ်ရာတွင်လည်းကောင်း၊ ယောနသန်၏လေးသည်အာနိသင်ထက်လှ၍ ရှောလု၏ဋ္ဌားသည်သနားညှာတာမှုမရှိ။
Isaiah 13:2တောင်ကတုံးပေါ်တွင်စစ်အလံကိုလွှင့် ထူကြလော့။ မာန်မာနထောင်လွှားသည့်မြို့ တော်တံခါးတို့ကိုတိုက်ခိုက်ရန်ဟစ်အော် ကာ သင်တို့လက်ကိုမြှောက်၍ စစ်သည်တို့ အားအချက်ပေးကြလော့။-
Isaiah 21:2ရက်စက်ကြမ်းကြုတ်မှုများ၊ သစ္စာဖောက်မှု နှင့်သုတ်သင်ဖျက်ဆီးမှုတို့ကိုဗျာဒိတ် ရူပါရုံတွင်ငါမြင်ရပြီ။ အို ဧလံတပ်မတော်သားတို့၊ တိုက်ခိုက်ကြ လော့။ အို မေဒိတပ်မတော်သားတို့၊ မြို့များ ကိုဝိုင်းရံထားကြလော့။ ဘုရားသခင်သည် ဗာဗုလုန်မြို့သားတို့ပေးသည့်ဆင်းရဲဒုက္ခ ကိုချုပ်ငြိမ်းစေတော်မူလိမ့်မည်။
Isaiah 45:1ကုရုဘုရင်သည်ထာဝရဘုရားရွေးချယ် ပေးတော်မူသောသူဖြစ်ပါသည်တကား။ ထာဝရဘုရားသည်လူမျိုးတကာတို့ကို နှိမ်နင်းအောင်မြင်ရန်သူ့အားခန့်ထားတော် မူ၏။ ကိုယ်တော်သည်ပြည်ရှင်မင်းတို့၏တန်ခိုး အာဏာကို ရုပ်သိမ်းရန်သူ့အားစေလွှတ်တော်မူပြီ။ ထာဝရဘုရားသည်သူ့အတွက်မြို့တံခါး များကို ဖွင့်ပေးတော်မူမည်။ ထာဝရဘုရားကကုရုဘုရင်အား
Jeremiah 50:3``မြောက်အရပ်မှလူမျိုးတစ်ရပ်သည်ဗာဗုလုန် မြို့ကိုတိုက်ခိုက်ရန်ချီတက်လာပြီးလျှင် ထိုမြို့ ကိုသဲကန္တာရဖြစ်စေကြလိမ့်မည်။ လူနှင့်တိရစ္ဆာန် များထွက်ပြေးကြမည်ဖြစ်၍ထိုအရပ်သည် လူသူဆိတ်ငြိမ်ရာဖြစ်လိမ့်မည်'' ဟုမိန့်တော် မူ၏။
Jeremiah 50:21``ပုန်ကန်တတ်သောပြည်သားနှင့် အပြစ်ဒဏ် သင့်သည့်ပြည်သားတို့အားတိုက်ခိုက်ကြ လော့။ သူတို့အားသတ်ဖြတ်သုတ်သင်ကြ လော့။ ငါမိန့်မှာသမျှတို့ကိုပြုကြလော့။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-