The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 50 › ယေရမိအနာဂတ္တိကျမ်း 50:28

ယေရမိအနာဂတ္တိကျမ်း 50:28

(ဗာ​ဗု​လုန်​ပြည်​မှ​လွတ်​မြောက်​လာ​သော​စစ် ပြေး​ဒုက္ခ​သည်​များ​သည်​ဇိ​အုန်​မြို့​သို့​လာ ရောက်​ပြီး​လျှင် ကိုယ်​တော်​၏​ဗိ​မာန်​တော်​ကို ဗာ​ဗု​လုန်​ပြည်​သား​တို့​ဖျက်​ဆီး​ကြ​သည့် အ​တွက် ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​အား​အ​ဘယ်​သို့​လက် စား​ချေ​တော်​မူ​ကြောင်း​ကို​ပြော​ပြ​ကြ​၏။)

Common Language Bible

In The King James Version

The voice of them that flee and escape out of the land of Babylon, to declare in Zion the vengeance of the LORD our God, the vengeance of his temple.

In Context

27စစ်​သည်​တပ်​သား​အ​ပေါင်း​ကို​သတ်​ဖြတ်​ကြ လော့။ အ​စု​လိုက်​အ​ပြုံ​လိုက်​သတ်​ကြ​လော့။ ဗာ​ဗု​လုန်​ပြည်​သား​တို့​သည်​အ​မင်္ဂ​လာ​ရှိ ကြ​၏။ သူ​တို့​အ​ပြစ်​ဒဏ်​ခံ​ရ​မည့်​နေ့​ရက် ကာ​လ​သည်​ကျ​ရောက်​လာ​လေ​ပြီ'' ဟု မိန့်​တော်​မူ​၏။

29``ဗာ​ဗု​လုန်​မြို့​ကို​တိုက်​ခိုက်​ရန်​လေး​သ​မား တို့​အား​ပြော​ကြား​ကြ​လော့။ လေး​နှင့်​မြား ကို​အ​သုံး​ပြု​တတ်​သူ​မှန်​သ​မျှ​ကို​စေ​လွှတ် ကြ​လော့။ မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​လော့။ အ​ဘယ် သူ​မျှ​ထွက်​မ​ပြေး​စေ​နှင့်။ ထို​မြို့​သား​တို့​အား လက်​စား​ချေ​ကြ​လော့။ သူ​တို့​သည် သူ​တစ်​ပါး တို့​အား​ပြု​ကျင့်​ခဲ့​ကြ​သည့်​အ​တိုင်း​သူ​တို့ အား​ပြု​ကျင့်​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို သော်​သူ​တို့​သည်​ဣ​သ​ရေ​လ​အမျိုး​သား​တို့ ၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင် ဖြစ်​သူ​ငါ့​ကို​မာ​န​ထောင်​လွှား​စွာ​ဆန့် ကျင်​ခဲ့​ကြ​ပြီ။-

Read all of ယေရမိအနာဂတ္တိကျမ်း 50

Cross References

Psalms 149:6တိုင်း​နိုင်​ငံ​အ​ပေါင်း​ကို​နှိမ်​နင်း​၍ လူ​မျိုး​တ​ကာ​တို့​အား​ဒဏ်​ခတ်​ကြ​ရန်​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင်​များ​အား​သံ​ကြိုး​ဖြင့်​ချည်​နှောင်​ကာ သူ​တို့​၏​ခေါင်း​ဆောင်​များ​ကို​သံ​ခြေ​ကျင်း ခတ်​ကြ​ရန်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​အ​ရ​တိုင်း​နိုင်​ငံ​တို့​ကို ဒဏ်​ခတ်​ရန်​လည်း​ကောင်း ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်​ထက်​မြက်​သော သံ​လျက်​ကို​လက်​တွင်​ကိုင်​ထား​ကြ​စေ။ ဤ​ကား​ဘု​ရား​သ​ခင်​လူ​စု​တော်​၏ အောင်​ပွဲ​ပင်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

Jeremiah 50:15မြို့​ပတ်​လည်​တွင်​စစ်​တိုက်​သံ​များ​ကို​ကြွေး ကြော်​ကြ​လော့။ ယ​ခု​ဗာ​ဗု​လုန်​မြို့​သည် လက်​နက်​ချ​လေ​ပြီ။ မြို့​တံ​တိုင်း​တို့​သည် ကျိုး​ပေါက်​ပြို​ကျ​သွား​လေ​ပြီ။ ငါ​သည် ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​အား​လက်​စား ချေ​လျက်​နေ​သည်​ဖြစ်​၍ သင်​တို့​သည်​သူ​တို့ အ​ပေါ်​၌​လက်​စား​ချေ​ကြ​လော့။ သူ​တစ်​ပါး တို့​အား​သူ​တို့​ပြု​ကျင့်​ခဲ့​ကြ​သည့်​အ​တိုင်း သူ​တို့​အား​ပြု​ကျင့်​ကြ​လော့။-

Jeremiah 51:50ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​မြို့​ရှိ မိ​မိ ၏​လူ​စု​တော်​အား​မိန့်​တော်​မူ​သည်​မှာ``သင် တို့​သည်​သေ​ဘေး​မှ​လွတ်​မြောက်​ကြ​လေ​ပြီ။ ယ​ခု​ထွက်​ခွာ​သွား​ကြ​လော့။ ဆိုင်း​၍​မ​နေ နှင့်။ သင်​တို့​သည်​မိ​မိ​တို့​ပြည်​နှင့်​ဝေး​ကွာ လျက်​နေ​သော်​လည်း သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား တည်း​ဟူ​သော​ငါ့​ကို​သ​တိ​ရ​ကြ​လော့။ ယေ​ရု ရှ​လင်​မြို့​ကို​လည်း​သ​တိ​ရ​ကြ​လော့။-

Lamentations 2:6ကိုယ်​တော်​အား​ငါ​တို့​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဗိ​မာန်​တော်​ကို​အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ချိုး​ဖျက် တော်​မူ​ပြီ။ ကိုယ်​တော်​ရှင်​သည်​ဋ္ဌမ္မ​ပွဲ​တော်​နေ့​များ​နှင့် ဥ​ပုသ်​နေ့​များ​ကို​အ​ဆုံး​သတ်​စေ​တော်​မူ​ပြီ။ ရှင်​ဘု​ရင်​နှင့်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​အ​တူ​တူ​ပင် အ​မျက်​တော်​အ​ရှိန်​ကို​ခံ​ရ​ကြ​ပါ​၏။

Daniel 5:23ကောင်း​ကင်​ဘုံ​ရှင်​ကို​ဆန့်​ကျင်​ဘက်​ပြု​၍ ဗိ​မာန်​တော်​မှ​ရွှေ​ဖ​လား​များ​ကို​ရှေ့​တော် သို့​ယူ​စေ​တော်​မူ​ခဲ့​ပါ​၏။ အ​ရှင်​နှင့်​တ​ကွ အ​ရှင့်​မှူး​မတ်​များ၊ မိ​ဖု​ရား​များ၊ မောင်း မ​မိ​ဿံ​များ​သည်​ထို​ရွှေ​ဖ​လား​များ​တွင် စ​ပျစ်​ရည်​ကို​ထည့်​၍​သောက်​ပြီး​လျှင် မျက်​စိ မ​မြင်၊ နား​မ​ကြား၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​သိ​သော​ရွှေ၊ ငွေ၊​ကြေး​ဝါ၊ သံ၊ သစ်​သား၊ ကျောက်​တို့​နှင့်​လုပ်​သော​ဘု​ရား​များ​ကို ထော​မ​နာ​ပြု​ကြ​ပေ​သည်။ သို့​ရာ​တွင် အ​ရှင်​သည်​မိ​မိ​၏​အ​သက်​ကို​လည်း​ကောင်း၊ မိ​မိ​ပြု​သော​အ​မှု​ကိစ္စ​မှန်​သ​မျှ​ကို လည်း​ကောင်း​စိုး​ပိုင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ကား​ချီး​မွမ်း​တော် မ​မူ​ပါ။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 50:28

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 50:27ယေရမိအနာဂတ္တိကျမ်း 50ယေရမိအနာဂတ္တိကျမ်း 50:29 →