The Bible Software
bible.software › ယေရမိမြည်တမ်းစကား › ယေရမိမြည်တမ်းစကား 2 › ယေရမိမြည်တမ်းစကား 2:6

ယေရမိမြည်တမ်းစကား 2:6

ကိုယ်​တော်​အား​ငါ​တို့​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဗိ​မာန်​တော်​ကို​အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ချိုး​ဖျက် တော်​မူ​ပြီ။ ကိုယ်​တော်​ရှင်​သည်​ဋ္ဌမ္မ​ပွဲ​တော်​နေ့​များ​နှင့် ဥ​ပုသ်​နေ့​များ​ကို​အ​ဆုံး​သတ်​စေ​တော်​မူ​ပြီ။ ရှင်​ဘု​ရင်​နှင့်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​အ​တူ​တူ​ပင် အ​မျက်​တော်​အ​ရှိန်​ကို​ခံ​ရ​ကြ​ပါ​၏။

Common Language Bible

In The King James Version

And he hath violently taken away his tabernacle, as if it were of a garden: he hath destroyed his places of the assembly: the LORD hath caused the solemn feasts and sabbaths to be forgotten in Zion, and hath despised in the indignation of his anger the king and the priest.

In Context

5ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​သ​ဖွယ်​ဣသ​ရေ​လ လူ​မျိုး​အား​ဖျက်​ဆီး​မူ​၏။ သူ​တို့​၏​ခံ​တပ်​များ​နှင့်​နန်း​တော် အ​ဆောက်​အ​အုံ​များ​ကို​ယို​ယွင်း​ပျက်​စီး​လျက် ကျန်​ရစ်​စေ​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​ယု​ဒ​ပြည်​သူ​တို့​အား​ဝမ်း​နည်း ကြေ​ကွဲ​၍​မ​ဆုံး​နိုင်​အောင်​ပြု​တော်​မူ​ပြီ။

7ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ယဇ်​ပလ္လင်​တော်​ကို​လည်း​ကောင်း၊သန့်​ရှင်း မြင့်​မြတ်​သည့်​ဗိ​မာန်​တော်​ကို​လည်း​ကောင်း ပစ်​ပယ်​တော်​မူ​၍​ရန်​သူ​တို့​အား​ဗိ​မာန်​တော် နံ​ရံ​များ​ကို​ဖြို​ချ​ခွင့်​ပေး​တော်​မူ​၏။ သူ​တို့​သည်​လည်း​ငါ​တို့​ရွှင်​လန်း​ဝမ်း​မြောက်​စွာ ကိုး​ကွယ်​ဝတ်​ပြု​ခဲ့​ကြ​သည့်​ဌာ​န​တော်​တွင် အောင်​သံ​ပေး​၍​ကြွေး​ကြော်​ကြ​၏။

Read all of ယေရမိမြည်တမ်းစကား 2

Cross References

Psalms 74:7သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​ကို မီး​ရှို့​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​အား​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တော်​ကို ဖြို​ဖျက်​၍​ညစ်​ညမ်း​စေ​ကြ​ပါ​၏။

Psalms 89:40သူ​၏​မြို့​တော်​တံ​တိုင်း​များ​ကို​ချိုး​ဖျက်​တော်​မူ​၍ သူ​၏​ခံ​တပ်​များ​ကို​ဖြို​ဖျက်​တော်​မူ​ပါ​ပြီ။

Isaiah 1:13သင်​တို့​၏​အ​သုံး​မ​ကျ​သော​ပူ​ဇော်​သ​ကာ​များ​ကို နောက်​တစ်​ဖန်​ငါ​အ​လို​မ​ရှိ။ သင်​တို့​ပူ​ဇော်​သည့်​နံ့​သာ​ပေါင်း​၏​ရ​နံ့​ကို​ငါ​ရွံ​မုန်း​၏။ သင်​တို့​၏​လ​ဆန်း​ပွဲ​နေ့​များ၊ ဥ​ပုသ်​နေ့​များ​နှင့်​ဘာ​သာ​ရေး​ပွဲ​နေ့​များ​ကို​ငါ​စက်​ဆုပ်​၏။ သင်​တို့​၏​အ​ပြစ်​များ​ကြောင့်​ထို​အ​ရာ​များ​သည်​ဖောက်​ပြန်​ပျက်​စီး​နေ​သည်။-

Isaiah 5:6ငါ​သည်​ထို​စ​ပျစ်​ဥ​ယျာဉ်​ကို​ပေါင်း​ပင်​များ နှင့်​ပြည့်​နှက်​နေ​စေ​မည်။ စ​ပျစ်​ခက်​တို့​ကို​ရှင်း လင်း​၍​မြေ​ကို​တူး​ဆွ​၍​ပေး​လိမ့်​မည်​မ​ဟုတ်။ ဆူး​ပင်​အ​မျိုး​မျိုး​ကို​ပေါက်​စေ​မည်။ ထို​ဥ​ယျာဉ် အ​ပေါ်​သို့​မိုး​မ​ရွာ​စေ​ရန် မိုး​တိမ်​များ​ကို​ပင် ငါ​ပိတ်​ပင်​ဆီး​တား​မည်'' ဟု​မြွက်​ဆို​၏။

Isaiah 63:18ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​ဖြစ်​သော​ကျွန် တော်​မျိုး​တို့​ကို​ရန်​သူ​တို့​သည်​အ​ခိုက် အ​တန့်​အား​ဖြင့်​နှင်​ထုတ်​လျက်​သူ​တို့​သည် ဗိ​မာန်​တော်​ကို​နင်း​ချေ​ကြ​ပါ​ပြီ။-

Jeremiah 42:18``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က`အီ​ဂျစ်​ပြည်​သို့​သင်​တို့​သွား မည်​ဆို​လျှင် ငါ​သည်​မိ​မိ​၏​ဒေါ​သ​အ​မျက်​တော် ကို​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​အ​ပေါ်​သို့ သွန်း​လောင်း​ခဲ့​သည့်​နည်း​တူ သင်​တို့​အ​ပေါ်​သို့ လည်း​သွန်း​လောင်း​မည်။ လူ​တို့​ရှေ့​တွင်​သင်​တို့ သည်​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​၍ သင်​တို့​ကို​ပြက် ရယ်​ပြု​လျက်​သင်​တို့​အ​မည်​နာ​မ​ကို​ကျိန်​စာ အ​ဖြစ်​အ​သုံး​ပြု​ကြ​လိမ့်​မည်။ သင်​တို့​သည် ဤ​အ​ရပ်​ကို​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ​ပြန်​၍​တွေ့​မြင်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆို​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိမြည်တမ်းစကား 2:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိမြည်တမ်းစကား 2:5ယေရမိမြည်တမ်းစကား 2ယေရမိမြည်တမ်းစကား 2:7 →