ယေရမိအနာဂတ္တိကျမ်း 51:37
ထိုအခါဗာဗုလုန်မြို့သည်တောတိရစ္ဆာန်ခို အောင်းရာ အဆောက်အအုံပျက်များဖြစ်၍နေ လိမ့်မည်။ ယင်းသည်တုန်လှုပ်ချောက်ချားဖွယ် ကောင်းသောမြင်ကွင်းဖြစ်၍ လူသူဆိတ်ငြိမ် ရာဖြစ်လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 51
Cross References
2 Chronicles 29:8သို့ဖြစ်၍ထာဝရဘုရားသည်ယုဒပြည် နှင့် ယေရုရှလင်မြို့တို့ကိုအမျက်ထွက်၍ ပြုတော်မူသောအမှုတို့ကို မြင်ရကြသူ အပေါင်းတို့သည်ထိတ်လန့်တုန်လှုပ်ကြ ကုန်၏။ ဤအဖြစ်အပျက်ကိုသင်တို့ကောင်း စွာသိကြ၏။-
Isaiah 14:23ငါသည်ဗာဗုလုန်မြို့ကိုညွန်ပျောင်းဖြစ်စေ ၍၊ ဇီးကွက်တို့သည်ထိုအရပ်တွင်နေကြလိမ့် မည်။ ငါသည်တံမြက်လှည်းသူကဲ့သို့ဗာဗုလုန် မြို့မှရှိသမျှသောအရာတို့ကိုသုတ်သင် ပယ်ရှင်းမည်။ ဤကားအနန္တတန်ခိုးရှင်ငါ ထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူ၏။
Isaiah 34:13နန်းတော်အဆောက်အဦများနှင့်တံတိုင်း ကာရံထားသည့်မြို့အပေါင်းတို့တွင် ဆူး ပင်အမျိုးမျိုးပေါက်လျက် ခွေးအများနှင့် ဇီးကွက်များခိုအောင်းရာဖြစ်လိမ့်မည်။-
Jeremiah 18:16သူတို့သည်ဤပြည်အားလူသူကင်းမဲ့သော ပြည်၊ ထာဝစဉ်စက်ဆုတ်ဖွယ်ကောင်းသောပြည် ဖြစ်စေကြလေပြီ။ အနီးမှဖြတ်သန်းသွားလာသူလူအပေါင်း တို့သည် အံ့သြတွေဝေ၍သွားကြလျက် မိမိတို့ဦးခေါင်းကိုခါကြလိမ့်မည်။
Jeremiah 25:9`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
Jeremiah 25:18ယုဒဘုရင်များ၊ ခေါင်းဆောင်များနှင့်တကွ ယေရုရှလင်မြို့နှင့်ယုဒမြို့ရှိသမျှတို့သည် ရှုမြင်ရသူတို့ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သဲကန္တာရဖြစ်လျက် ယင်းတို့၏အမည်နာမ သည်လည်းလူတို့ကျိန်ဆဲရာတွင်အသုံးပြု သည့်စကားအသုံးအနှုန်းဖြစ်လာစေရန် ထိုအမျက်တော်ရည်ကိုသောက်ရကြ၏။ ယခုအခါထိုမြို့တို့သည်ယင်းအတိုင်း ပင်ဖြစ်ပျက်လျက်ရှိပေသည်။