ယေရမိအနာဂတ္တိကျမ်း 51:41
ထာဝရဘုရားသည်ဗာဗုလုန်မြို့အကြောင်း နှင့်ပတ်သက်၍မိန့်တော်မူသည်မှာ``ကမ္ဘာတစ် ဝှမ်းလုံးကချီးမွမ်းထောမနာပြုသည့်ဗာ ဗုလုန်မြို့သည်အသိမ်းခံရလေပြီ။ ဗာဗု လုန်မြို့သည်လူမျိုးတကာတို့အတွက် လန့်ဖျပ်တုန်လှုပ်စရာဖြစ်၍လာလေပြီ။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 51
Cross References
2 Chronicles 7:21``ယခုအခါဗိမာန်တော်သည်များစွာဂုဏ် အသရေရှိသော်လည်း ထိုအခါ၌မူအနီး မှဖြတ်သန်းသွားလာသူအပေါင်းတို့သည် အံ့အားသင့်လျက်`ထာဝရဘုရားသည် အဘယ်ကြောင့်ဤပြည်နှင့်ဤဗိမာန်တော်ကို ဤသို့စီရင်တော်မူပါသနည်း' ဟုမေးမြန်း ကြလိမ့်မည်။-
Isaiah 14:4ဤသို့ကိုယ်တော်ပြုတော်မူသောအခါ၌ သူတို့သည်ဗာဗုလုန်ဘုရင်အားပြက်ရယ် ပြုကာ၊ ``ရက်စက်ကြမ်းကြုတ်သောမင်းသည်ကျဆုံး လေပြီ။ သူသည်နောက်တစ်ဖန်အဘယ်သူကို မျှဖိနှိပ်ချုပ်ချယ်ရတော့မည်မဟုတ်။-
Jeremiah 49:25အခါတစ်ပါးကပျော်မွေ့ဖွယ်ရာကောင်း၍ ထင်ပေါ်ကျော်ကြားခဲ့သော ထိုမြို့တော်သည် လုံးလုံးလျားလျားလူသူကင်းမဲ့လျက်ရှိ တော့၏။-
Jeremiah 50:46ဗာဗုလုန်မြို့ပြိုလဲသောအခါကြီးစွာ သောအသံဖြစ်ပေါ်လာသဖြင့် ကမ္ဘာမြေ ကြီးသည်တုန်လှုပ်၍သွားလိမ့်မည်။ ကြောက် လန့်အော်ဟစ်ကြသောအသံများကိုလည်း လူမျိုးတကာတို့ကြားရကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
Ezekiel 27:35``ပင်လယ်ကမ်းခြေတွင်နေထိုင်သူအပေါင်း တို့သည်သင်၏ကံကြမ္မာကိုမြင်၍တအံ့တ သြဖြစ်ကြကုန်၏။ သူတို့၏ဘုရင်များပင် လျှင်ထိတ်လန့်တုန်လှုပ်ကြလျက် မျက်နှာတွင် သွေးမရှိကြတော့ပေ။-
Daniel 4:22``အရှင်မင်းကြီး၊ အရှင်ကားထိုသစ်ပင်ကြီး ပင်ဖြစ်ပါ၏။ အရှင်သည်မိုးကောင်းကင်တိုင် အောင်မြင့်မားကြီးမြတ်တော်မူလျက်တန် ခိုးတော်သည်ကမ္ဘာတစ်ဝန်းလုံးကိုလွှမ်းမိုး ပါ၏။-