ယေရမိအနာဂတ္တိကျမ်း 51:6
ဗာဗုလုန်မြို့မှထွက်ပြေးကြလော့။ သင်တို့ သည်အသက်ဘေးမှလွတ်မြောက်ရန်ထွက် ပြေးလော့။ ဗာဗုလုန်အပြစ်ကြောင့်အသေ မခံကြနှင့်။ ယခုငါသည်ဗာဗုလုန်မြို့ အာခံသည့်အပြစ်ဒဏ်အတွက်လက်စား ချေလျက်ရှိ၏။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 51
Cross References
Genesis 19:15နံနက်အချိန်အရုဏ်တက်အချိန်၌ ကောင်းကင်တမန်တို့ကလောတအားအမြန်ထွက်သွားရန်တိုက်တွန်းလေသည်။ သူတို့က``မြို့ကိုဖျက်ဆီးသောအခါသင်၏မယားနှင့်သမီးနှစ်ယောက်အသက်မဆုံးရစေရန် သူတို့ကိုခေါ်၍ယခုအမြန်ထွက်လော့'' ဟုဆို၏။-
Deuteronomy 32:25စစ်ဘေးကြောင့်လူတို့သည်လမ်းများပေါ်၌ သေဆုံးကြလိမ့်မည်။ နေအိမ်များတွင်ကြောက်မက်ဖွယ်ရာဘေးနှင့် တွေ့ကြုံရလိမ့်မည်။ ယောကျာ်းပျိုနှင့်မိန်းမပျိုတို့သေဆုံးရကြလိမ့်မည်။ နို့စို့ကလေးနှင့်အဖိုးအိုတို့သေဆုံးရကြလိမ့်မည်။
Deuteronomy 32:43``တိုင်းနိုင်ငံတို့၊ထာဝရဘုရား၏လူမျိုး တော်ကို ချီးကူးကြလော့။ ကိုယ်တော်သည်မိမိလူမျိုးတော်ကိုသတ်သူ ရှိသမျှတို့အားဒဏ်ခတ်တော်မူမည်။ ကိုယ်တော်၏ရန်သူတို့ကိုလက်စားချေမည်။ မိမိလူမျိုးတော်၏အပြစ်များကိုလွှတ်တော် မူမည်။''
Proverbs 13:20ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည် ပညာ ရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား၊ ပျက်စီးတတ်၏။
Jeremiah 25:14များစွာသောလူမျိုးတို့နှင့်တန်ခိုးကြီးသည့် ဘုရင်များထံ၌ကျွန်ခံရကြလိမ့်မည်။ ငါ သည်လည်းသူတို့အားမိမိတို့ပြုခဲ့သည့် အမှုများ၏ ဆိုးကျိုးကိုခံစေမည်' '' ဟု မိန့်တော်မူ၏။
Jeremiah 27:7သူ၏နိုင်ငံပျက်သုဉ်းချိန်မရောက်မချင်း လူမျိုးတကာတို့သည်သူ၏အစေကိုလည်း ကောင်း၊ သူ၏သားနှင့်မြေးတို့၏အစေကို လည်းကောင်းခံရကြလိမ့်မည်။ ထိုနောက်သူ ၏လူမျိုးသည်တန်ခိုးကြီးမားသည့်လူမျိုး များနှင့်ဘုရင်တို့၏အစေကိုခံရကြလိမ့် မည်။