ယေရမိအနာဂတ္တိကျမ်း 7:3
ဣသရေလအမျိုးသားတို့၏ဘုရားသခင် တည်းဟူသောအနန္တတန်ခိုးရှင်ထာဝရဘုရား က``ငါသည်သင်တို့အား ဤအရပ်တွင်ဆက်လက် နေထိုင်ခွင့်ပြုနိုင်ရန်သင်တို့သည် မိမိတို့နေ ထိုင်မှုနှင့်အပြုအမူတို့ကိုပြုပြင်ပြောင်း လဲစေကြလော့။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 7
Cross References
Ezra 10:11သို့ဖြစ်၍သင်တို့အပြစ်ကို သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားအား ဖော်ပြဝန်ခံပြီးလျှင် ကိုယ်တော်နှစ်သက်တော် မူသည့်အမှုကိုပြုကြလော့။ ငါတို့ပြည် တွင်သင်တို့နှင့်အတူ နေထိုင်ကြသူလူမျိုး ခြားတို့နှင့်လည်းကောင်း၊ သင်တို့၏လူမျိုး ခြားဇနီးများနှင့်လည်းကောင်းခွဲခွာ ကြလော့'' ဟုဆို၏။
Isaiah 1:16သင်တို့၏စိတ်နှလုံးကိုစင်ကြယ်အောင်ပြုကြလော့။ ငါ့ရှေ့တော်တွင်သင်တို့ပြုလျက်ရှိသည့်ဒုစရိုက်တို့ကိုရပ်စဲကြလော့။ ဒုစရိုက်ပြုမှုကိုရပ်စဲကာ၊-
Isaiah 55:7သူယုတ်မာတို့သည်မိမိတို့၏ဆိုးညစ်သော အကျင့်များကိုစွန့်လွှတ်၍၊ မိမိတို့၏စိတ်နေသဘောထားများကိုလည်း ပြောင်းလဲကြရာ၏။ သူတို့သည်ငါတို့ဘုရားသခင်ထာဝရဘုရား ထံတော်သို့လှည့်ကြရာ၏။ ကိုယ်တော်သည်သနားကြင်နာတတ်၍လျင်မြန်စွာ အပြစ်လွှတ်တော်မူတတ်၏။
Jeremiah 7:5``သင်တို့နေထိုင်မှုတို့ကိုပြုပြင်ပြောင်းလဲ စေကြလော့။ ယခုပြုသောအကျင့်တို့ကို မပြုတော့နှင့်။ သင်တို့အချင်းချင်းဆက်ဆံ ရာတွင်တရားမျှတမှုရှိစေကြလော့။-
Jeremiah 18:11သို့ဖြစ်၍ငါသည်ယုဒပြည်သားများနှင့် ယေရုရှလင်မြို့သူမြို့သားတို့အား ဆန့်ကျင် ဘက်ပြုရန်ကြံစည်လျက်နေတော်မူကြောင်း ကိုလည်းကောင်း၊ အပြစ်ဒဏ်ခတ်ရန်ပြင်ဆင် လျက်နေတော်မူကြောင်းကိုလည်းကောင်းပြော ကြားလော့။ အသီးသီးဒုစရိုက်တွင်ကျင် လည်မှုကိုရပ်စဲကြရန်၊ မိမိတို့လမ်းစဉ် နှင့်အကျင့်အကြံများကိုပြောင်းလဲကြ ရန်သူတို့အားထာဝရဘုရားဆင့်ဆို မှာကြားကြောင်းပြောကြားလော့။-
Jeremiah 35:15ငါသည်မိမိ၏အစေခံပရောဖက်များကို သင်တို့ထံသို့အဖန်ဖန်အထပ်ထပ်စေလွှတ် ခဲ့၏။ သူတို့ကလည်းသင်တို့အားမိမိတို့ အကျင့်ဆိုးများကိုစွန့်ပစ်၍ ဖြောင့်မှန်ရာ ကိုပြုကျင့်ကြရန်ပြောကြားခဲ့ကြ၏။ သင် တို့သည်မိမိတို့နှင့်ဘိုးဘေးတို့အားငါပေး အပ်ခဲ့သည့်ပြည်တော်တွင် ဆက်လက်နေထိုင် နိုင်ကြမည့်အကြောင်းအခြားဘုရားများ ကိုရှိမခိုးဝတ်မပြုကြရန်သင်တို့အား သတိပေးခဲ့ကြ၏။ သို့ရာတွင်သင်တို့သည် ငါ၏စကားကိုနားမထောင်ကြ။ ငါ့အား လည်းပမာဏမပြုကြ။-