ယေရမိအနာဂတ္တိကျမ်း 9:11
ထာဝရဘုရားက``ငါသည်ယေရုရှလင် မြို့ကို တောခွေးများခိုအောင်းရာ၊ အဆောက်အအုံပျက်များစုဝေးရာအရပ် ဖြစ်စေမည်။ ယုဒမြို့တို့သည်လည်းလူသူဆိတ်ညံရာ သဲကန္တာရ ဖြစ်လိမ့်မည်'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 9
Cross References
Nehemiah 4:2သူ၏အပေါင်းအဖော်များနှင့်ရှမာရိတပ် သားများရှေ့တွင်သူက``ဤအစွမ်းအစမရှိ သောယုဒအမျိုးသားတို့သည်မည်သို့ပြု ကြသနည်း။ သူတို့သည်ယေရုရှလင်မြို့ကို ပြန်လည်တည်ဆောက်ရန်ကြံရွယ်ကြသလော။ ယဇ်ပူဇော်ခြင်းအားဖြင့်ဤအမှုကိုနေ့ ချင်းပြီးစီးနိုင်မည်ဟုထင်မှတ်ကြသလော။ ကျွမ်းလောင်ထားသည့်အမှိုက်ပုံမှကျောက်တုံး များကိုထုတ်လုပ်နိုင်ကြမည်လော'' ဟုဆို၏။
Psalms 107:43အသိပညာရှိသူတို့သည်ဤအမှုအရာ တို့ကို နှလုံးသွင်း၍ ထာဝရဘုရား၏ခိုင်မြဲသောမေတ္တာတော် အကြောင်းကိုစဉ်းစားဆင်ခြင်ကြစေ။
Isaiah 25:2ကိုယ်တော်ရှင်သည်မြို့များကိုယိုယွင်းပျက်စီးလျက် နေစေတော်မူ၍၊ မြို့တံတိုင်းတို့ကိုလည်းဖြိုဖျက်တော်မူပါပြီ။ ကျွန်တော်မျိုးတို့ရန်သူများတည်ဆောက်ခဲ့သည့် နန်းတော်များသည် ထာဝစဉ်ကွယ်ပျောက်၍သွားလေပြီ။
Isaiah 44:26သို့ရာတွင်ကြိုတင်ဟောကြားမှုတစ်စုံတစ်ရာကို ငါ၏အစေခံပြုသောအခါ၌လည်းကောင်း၊ ငါ၏အကြံအစည်တော်များကိုဖော်ပြရန် တမန်တော်တစ်ဦးဦးကိုငါစေလွှတ် သောအခါ၌လည်းကောင်း၊ ငါသည်ထိုအကြံအစည်များနှင့် ကြိုတင်ဟောကြားမှုတို့ကိုအကောင်အထည် ပေါ်စေပါ၏။ ယေရုရှလင်မြို့တွင်လူတို့တစ်ဖန်ပြန်၍ နေထိုင်ကြလိမ့်မည်။ ယုဒမြို့များကိုပြန်လည်ထူထောင်ကြလိမ့် မည်ဟူ၍ ထိုမြို့အသီးသီးတို့အားငါပြောကြားပါ၏။ ထိုမြို့တို့သည်ပြိုပျက်ရာမှပြန်လည်စည်ကား တိုးတက်၍လာလိမ့်မည်။
Jeremiah 10:22နားထောင်ကြလော့။ သတင်းတစ်ရပ်ရောက်ရှိလာလေပြီ။ မြောက်အရပ်တွင်ထကြွလှုပ်ရှားမှုဖြစ်ပေါ် နေသည်။ သူတို့သည်ယုဒမြို့တို့ကိုခွေးအများခို အောင်းရာ လူသူကင်းမဲ့ရာအဖြစ်သို့ပြောင်းလဲစေလိမ့် မည်'' ဟုဆို၏။
Jeremiah 25:11ဤပြည်တစ်ခုလုံးသည်ယိုယွင်းပျက်စီးလျက် ကျန်ရစ်ကာ ရှုမြင်ရသူတို့ထိတ်လန့်ဖွယ်ရာ ဖြစ်လိမ့်မည်။ ပတ်ဝန်းကျင်ရှိလူမျိုးအပေါင်း တို့သည်လည်း အနှစ်ခုနစ်ဆယ်တိုင်တိုင်ဗာ ဗုလုန်ဘုရင်၏အစေကိုခံရကြလိမ့်မည်။-