ယေရမိအနာဂတ္တိကျမ်း 9:13
ထာဝရဘုရားက``ဤအမှုအရာဖြစ်ပျက် လာသည်မှာ ငါ၏လူမျိုးတော်သည်မိမိတို့ အားငါပေးအပ်ခဲ့သည့်သြဝါဒကိုစွန့်ပယ် ခဲ့ကြသောကြောင့်ဖြစ်၏။ သူတို့သည်ငါ၏ စကားကိုနားမထောင်။ ငါပြောဆိုသည့် အတိုင်းလည်းမပြုမလုပ်ကြ။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 9
Cross References
2 Chronicles 7:19သို့ရာတွင်အကယ်၍သင်နှင့်သင်၏ပြည်သူ တို့သည်ငါ၏ပညတ်တော်များနှင့်အမိန့် တော်တို့ကိုချိုးဖောက်၍အခြားဘုရား များကိုကိုးကွယ်ကြလျှင်မူကား၊-
Psalms 89:30``သို့ရာတွင်အကယ်၍သူ၏သားမြေးတို့သည် ငါ့တရားတော်ကိုပစ်ပယ်ကာငါ၏နည်း ဥပဒေကို မကျင့်သုံးလျှင်သော်လည်းကောင်း၊
Proverbs 28:4တရားကိုဖျက်သောသူသည် မတရားသောသူ တို့ကို ချီးမွမ်းတတ်၏။ တရားကို စောင့်သောသူမူကား၊ သူတို့နှင့် ဆန့်ကျင်ဘက်ပြုတတ်၏။
Jeremiah 13:10ဤဆိုးညစ်သူတို့သည်ငါ့စကားကို နားမထောင်၊ ခေါင်းမာမြဲခေါင်းမာလျက်၊ အခြားဘုရားတို့အားဝတ်ပြုကိုးကွယ်၍ အစေခံလျက်နေကြလေပြီ။ သို့ဖြစ်၍ ထိုသူတို့သည်အသုံးမဝင်တော့သည့် ခါးဝတ်ကဲ့သို့ဖြစ်ကြလိမ့်မည်။-
Zephaniah 3:1မိမိ၏မြို့သားများကိုပင်လျှင်ညှင်းပန်း နှိပ်စက်ကာအကျင့်ပျက်ပုန်ကန်တတ်သည့် ယေရုရှလင်မြို့သည်အမင်္ဂလာရှိ၏။-