ယေရမိအနာဂတ္တိကျမ်း 9:15
သို့ဖြစ်၍သူတို့အားဣသရေလအမျိုး သားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင် ငါထာဝရဘုရားသည် အဘယ်သို့ပြုတော် မူမည်ကိုနားထောင်လော့။ ငါသည်မိမိ၏ လူမျိုးတော်အားခါးသောဒေါနပင်ကို ကျွေး၍ အဆိပ်ပါသောရေကိုသောက်စေမည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 9
Cross References
Deuteronomy 29:18ဤနေရာ၌ယနေ့ရပ်နေကြသောသူတို့ တွင်မည်သည့်ယောကျာ်းသို့မဟုတ်မိန်းမ သော်လည်းကောင်း၊ မိသားစုသို့မဟုတ် အနွယ်သော်လည်းကောင်းငါတို့၏ဘုရားသခင်ထာဝရဘုရားကိုစွန့်၍ လူမျိုး ခြားတို့၏ဘုရားများကိုမကိုးကွယ် မိစေရန်သတိပြုကြလော့။ ထိုသို့ပြု မိလျှင် ခါး၍အဆိပ်ရှိသောအပင်ကို ဖြစ်ပွားစေသည့်အမြစ်သဖွယ်ဖြစ် လိမ့်မည်။-
Psalms 69:21ကျွန်တော်မျိုးဆာလောင်မွတ်သိပ်သောအခါ ရန်သူတို့သည်အဆိပ်ကိုကျွေးကြပါ၏။ ရေငတ်သောအခါပုန်းရည်ကိုတိုက်ကြ ပါ၏။
Psalms 80:5ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ဝမ်းနည်းမှု တည်းဟူသောအစားအစာကိုကျွေး၍ မျက်ရည်တည်းဟူသောရေကိုကြီးမားသည့် ခွက်ဖလားဖြင့်တိုက်တော်မူပါပြီ။
Isaiah 2:22သေမျိုးဖြစ်သောသူတို့အား ယုံကြည်ကိုး စားမှုမပြုကြနှင့်။ သူတို့သည်အဘယ် မျှတန်ဖိုးရှိပါသနည်း။
Jeremiah 23:15သို့ဖြစ်၍အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည် ယေရုရှလင်မြို့မှပရောဖက်များနှင့် ပတ်သက်၍မိန့်တော်မူသည်မှာ``သူတို့အား ဒေါနပင်များကိုငါကျွေးမည်။ အဆိပ်ပါသောရေကိုလည်းသောက်စေမည်။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ပြည်တော် တစ်ဝှမ်းလုံးတွင်၊ ဘုရားမဲ့တရားမဲ့သောအမှုများကိုပျံ့နှံ့စေ ကြသောကြောင့်ဖြစ်၏'' ဟူ၍ဖြစ်ပါ၏။
Jeremiah 25:15ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက ငါ့အား``သင်သည်ငါ၏ အမျက်တော်နှင့်ပြည့်လျက်ရှိသည့်ဤစပျစ် ရည်ခွက်ဖလားကိုငါ့ထံမှယူ၍ သင့်အား ငါစေလွှတ်တော်မူသည့်လူမျိုးတကာတို့ ကိုတိုက်ခိုက်လော့။-