The Bible Software
bible.software › Psalms › Psalms 69 › Psalms 69:21

Psalms 69:21

ကျွန်​တော်​မျိုး​ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ ရန်​သူ​တို့​သည်​အ​ဆိပ်​ကို​ကျွေး​ကြ​ပါ​၏။ ရေ​ငတ်​သော​အ​ခါ​ပုန်း​ရည်​ကို​တိုက်​ကြ ပါ​၏။

Common Language Bible

In The King James Version

They gave me also gall for my meat; and in my thirst they gave me vinegar to drink.

In Context

20အ​စော်​ကား​ခံ​ရ​သ​ဖြင့်​ကျွန်​တော်​မျိုး​သည် စိတ်​နှ​လုံး ကြေ​ကွဲ​၍​စိတ်​ပျက်​အား​လျော့​လျက်​နေ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကြင်​နာ​မှု​ကို​တောင့်​တ​သော အ​ခါ သ​နား​မည့်​သူ​ကို​မ​တွေ့​ရ​ပါ။ စိတ်​သက်​သာ​မှု​ကို​တောင့်​တ​သော​အ​ခါ စိတ်​သက်​သာ​စေ​မည့်​သူ​မ​ရှိ​ပါ။

22သူ​တို့​၏​စား​သောက်​ပွဲ​များ​သည်​သူ​တို့ ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ဖြစ်​ပါ​စေ​သော။ သူ​တို့​ကျင်း​ပ​သည့်​ဋ္ဌမ္မ​ပွဲ​များ​သည်​လည်း သူ​တို့​ပြို​လဲ​ကြောင်း​ဖြစ်​ပါ​စေ​သော။

Read all of Psalms 69

Cross References

Deuteronomy 29:18ဤ​နေ​ရာ​၌​ယ​နေ့​ရပ်​နေ​ကြ​သော​သူ​တို့ တွင်​မည်​သည့်​ယောကျာ်း​သို့​မ​ဟုတ်​မိန်း​မ သော်​လည်း​ကောင်း၊ မိ​သား​စု​သို့​မ​ဟုတ် အ​နွယ်​သော်​လည်း​ကောင်း​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​၍ လူ​မျိုး ခြား​တို့​၏​ဘု​ရား​များ​ကို​မ​ကိုး​ကွယ် မိ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ ထို​သို့​ပြု မိ​လျှင် ခါး​၍​အ​ဆိပ်​ရှိ​သော​အ​ပင်​ကို ဖြစ်​ပွား​စေ​သည့်​အ​မြစ်​သ​ဖွယ်​ဖြစ် လိမ့်​မည်။-

Jeremiah 8:14ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​က``ငါ​တို့​သည် အ​ဘယ်​ကြောင့်​မ​လှုပ်​မ​ယှက်​ထိုင်​နေ​ကြ​ပါ သ​နည်း။ လာ​ကြ၊ ခံ​တပ်​မြို့​များ​သို့​ပြေး​၍ ငါ​တို့​သေ​ကြ​ကုန်​အံ့။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အား​သေ​ဒဏ် စီ​ရင်​တော်​မူ​ပြီ။ ငါ​တို့​သည်​ကိုယ်​တော်​ကို ပြစ်​မှား​သည်​ဖြစ်​၍ ကိုယ်​တော်​သည်​ငါ​တို့ သောက်​ရန်​အ​ဆိပ်​ပါ​သော​ရေ​ကို​တိုက်​တော် မူ​ပြီ။-

Jeremiah 23:15သို့​ဖြစ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား သည် ယေ​ရု​ရှ​လင်​မြို့​မှ​ပ​ရော​ဖက်​များ​နှင့် ပတ်​သက်​၍​မိန့်​တော်​မူ​သည်​မှာ``သူ​တို့​အား ဒေါ​န​ပင်​များ​ကို​ငါ​ကျွေး​မည်။ အ​ဆိပ်​ပါ​သော​ရေ​ကို​လည်း​သောက်​စေ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ပြည်​တော် တစ်​ဝှမ်း​လုံး​တွင်၊ ဘု​ရား​မဲ့​တ​ရား​မဲ့​သော​အ​မှု​များ​ကို​ပျံ့​နှံ့​စေ ကြ​သော​ကြောင့်​ဖြစ်​၏'' ဟူ​၍​ဖြစ်​ပါ​၏။

Lamentations 1:9သူ​၏​ညစ်​ညမ်း​မှု​ကို​အ​လွယ်​တ​ကူ တွေ့​မြင်​နိုင်​သော်​လည်း သူ​သည်​မိ​မိ​ကြုံ​တွေ့​ရ​မည့်​ကံ​ကြမ္မာ​ကို အ​မှု​ထား​ပုံ​မ​ပေါ်။ သူ​၏​ပြို​လဲ​မှု​မှာ​ကြောက်​မက်​ဖွယ်​ကောင်း လှ​၏။ သူ့​အား​အ​ဘယ်​သူ​မျှ​လည်း​နှစ်​သိမ့်​မှု မ​ပေး​နိုင်​ကြ။ ရန်​သူ​များ​အ​နိုင်​ရ​၍​သွား​သ​ဖြင့်​သူ​သည် မိ​မိ​အား က​ရု​ဏာ​ထား​တော်​မူ​ပါ​ရန်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ဆု​တောင်း​ပတ္ထနာ​ပြု​လေ​သည်။

Matthew 27:48ထို​သူ​တို့​အ​နက်​လူ​တစ်​ယောက်​သည်​ချက်​ချင်း​ပြေး ၍​ပင်​လယ်​ရေ​မြှုပ်​ကို​ယူ​ကာ​ပုံး​ရည်​ကို​စုပ်​ပြီး​လျှင် ထို​ရေ​မြှုပ်​ကို​ကူ​ရိုး​ဖျား​တွင်​ပတ်​၍​ကိုယ်​တော် သောက်​ရန်​ပေး​လေ​၏။

Mark 15:36လူ​တစ်​ယောက်​သည်​ပြေး​၍​ပုံး​ရေ​ကို​ပင်​လယ် ရေ​မြှုပ်​ဖြင့်​စုပ်​ယူ​၏။ ထို​နောက်​ရေ​မြှုပ်​ကို​ကူ ရိုး​အ​ဖျား​တွင်​တပ်​၍ ကိုယ်​တော်​အား​သောက်​ရန် ဆက်​ကပ်​လျက် ``သူ့​ကို​ကယ်​ရန်​ဧ​လိ​ယ​လာ မ​လာ​ငါ​တို့​ကြည့်​ကြ​ကုန်​အံ့'' ဟု​ဆို​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 69:21

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 69:20Psalms 69Psalms 69:22 →