Job 1:15
ရှေဘအမျိုးသားတို့သည် တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော် တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 10:7ကုရှမှပေါက်ဖွားဆင်းသက်လာသောသားစဉ် မြေးဆက်တို့သည်ကား သေဘလူမျိုး၊ ဟာဝိလ လူမျိုး၊ သာဘတလူမျိုး၊ ရာဂမလူမျိုးနှင့် သတ္တေခါလူမျိုးများဖြစ်ကြ၏။ ရာဂမ၏သား စဉ်မြေးဆက်တို့မှာရှေဘနှင့်ဒေဒန်လူမျိုး များဖြစ်သည်။-
Genesis 25:3ယုတ်ရှန်၏သားများမှာရှေဘနှင့်ဒေဒန်တို့ ဖြစ်ကြသည်။ ဒေဒန်၏အဆက်အနွယ်များမှာ အာရှုရိမ်အမျိုးသား၊ လေတုရှိမ်အမျိုးသား၊ လုမ်မိမ်အမျိုးသားတို့ဖြစ်ကြသည်။-
Job 1:16ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ဘုရားသခင်၏မီးသည် မိုဃ်းကောင်း ကင်မှ ကျသဖြင့်၊ သိုးများနှင့် လူစောင့်များတို့ကို လောင်၍သူတို့သည်ကျွမ်းကုန်ကြပါပြီ။ ကျွန်တော်တယောက် တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟုလျှောက်လေ၏။
Job 6:19တေမန်အမျိုးသားအစုအဝေးတို့သည် ရှာကြ၏။ ရှေဘပြည်မှ ခရီးသွားသောသူအစုအဝေးတို့သည် မြော်လင့်လျက် လာကြ၏။
Isaiah 45:14ထာဝရဘုရားကဣသရေလအမျိုးသား တို့အား မိန့်တော်မူသည်မှာ ``အီဂျစ်ပြည်နှင့်ဆူဒန်ပြည်တို့၏စည်းစိမ် ဥစ္စာများကိုသင်တို့ရရှိကြလိမ့်မည်။ ထွားကြိုင်းသည့်သေဘပြည်သားတို့သည် သင်တို့ထံတွင်ကျွန်ခံရကြလိမ့်မည်။ သူတို့သည်သံကြိုးအနှောင်အဖွဲ့နှင့် သင်တို့နောက်မှလိုက်ရကြလိမ့်မည်။ သူတို့သည်သင်တို့၏ရှေ့တွင်ဦးညွှတ်လျက် `ဘုရားသခင်သည်သင်တို့နှင့်အတူရှိတော် မူပြီ။ ကိုယ်တော်တစ်ပါးတည်းသာလျှင်ဘုရားသခင် ဖြစ်တော်မူပါ၏။
Joel 3:8ငါသည်သင်တို့၏သားသမီးများအား ယုဒပြည်သားတို့၏ငွေဝယ်ကျွန်ဖြစ်စေ မည်။ ယုဒပြည်သားတို့သည်လည်းသူတို့ အားဝေးလံသောရှေဘပြည်သို့ရောင်းစား ကြလိမ့်မည်။ ဤကားငါထာဝရဘုရား ၏မြွက်ဟသည့်စကားဖြစ်၏။