Job 21:25
တယောက်သောသူကား တခါမျှမပျော်မွေ့၊ စိတ်ညှိုးငယ်လျက် သေတတ်၏။
Common Language Bible
In The King James Version
And another dieth in the bitterness of his soul, and never eateth with pleasure.
In Context
24သူ၏နံဖေးတို့သည် ဆူဖြိုး၍၊ အရိုးတို့လည်း ခြင်ဆီနှင့် စိုစွတ်ကြ၏။
26နှစ်ယောက်လုံးတို့သည် မခြားမနာ၊ မြေမှုန့်၌ အိပ်၍ တီကောင်များ ဖုံးလွှမ်းခြင်းကို ခံရကြ၏။
Cross References
2 Samuel 17:8အရှင်၏ခမည်းတော်ဒါဝိဒ်နှင့်သူ၏လူတို့ သည်စစ်ရည်ဝသူများဖြစ်သည်ကိုလည်း ကောင်း၊ သူတို့သည်သားငယ်ပျောက်သည့်ဝက် ဝံမကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည်ကို လည်းကောင်းအရှင်သိတော်မူပါ၏။ အရှင့် ခမည်းတော်သည်အတွေ့အကြုံများသည့် စစ်သည်တော်တစ်ဦးဖြစ်သဖြင့် ညဥ့်အခါ မိမိ၏လူတို့နှင့်အတူအိပ်စက်တော်မမူ တတ်ပါ။-
Job 3:20ဒုက္ခဆင်းရဲခံရသောသူအား အဘယ်ကြောင့်အလင်းကိုပေးသနည်း။ စိတ်နှလုံးခါးသောသူအား အဘယ်ကြောင့် အသက်ကိုပေးသနည်း။
Job 9:18ငါ့ကို အသက်ရူရသောအခွင့်မပေး။ ခါးစွာသော ဝေဒနာနှင့် ပြည့်စုံတော်မူ၏။
Job 20:23သို့သော်လည်း သူသည်ဝစွာစားရ၏။ ဘုရားသခင်သည် အမျက်တော်အရှိန်ကို လွှတ်၍သူစားစရာဘို့ အမျက်တော် မိုဃ်းကို ရွာစေတော်မူမည်။
Ecclesiastes 6:2အလိုဆန္ဒရှိသမျှပြေလောက်အောင် စည်းစိမ် ဥစ္စာဂုဏ်အသရေကို ဘုရားသခင်ပေးသော်လည်း၊ ခံစား ရသောအခွင့်ကို ပေးတော်မမူသောကြောင့်၊ ကိုယ်တိုင် မခံစားရ။ မဆိုင်သော သူတပါးဝင်၍ ခံစားရသောအမှု သည် အနတ္တအမှု၊ ဆိုးသောအမှု ဖြစ်၏။
Ezekiel 4:16ထိုနောက်ကိုယ်တော်က``အချင်းလူသား၊ ငါသည်ယေရုရှလင်မြို့တွင်ရိက္ခာပြတ် စေမည်။ ထိုမြို့မှလူတို့သည်စိုးရိမ်ပူပန် ကြလျက်မိမိတို့၏အစာရေစာတို့ကို ချိန်တွယ်၍စားသောက်ရကြလိမ့်မည်။-