Job 26:11
ဆုံးမတော်မူခြင်းကြောင့်၊ မိုဃ်းကောင်းကင်တိုင် တို့သည် တုန်လှုပ်၍ မိန်းမောတွေဝေလျက်နေကြ၏။
Common Language Bible
In The King James Version
The pillars of heaven tremble and are astonished at his reproof.
In Context
10အလင်းနှင့်အမိုက်ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။
12တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော် မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော် မူ၏။
Cross References
2 Samuel 22:8ထိုအခါဘုရားသခင်၏အမျက်တော်ကြောင့် မြေကြီးသည်တုန်လှုပ်လေ၏။ မိုးကောင်းကင်၏အခြေအမြစ်တို့သည် ရွေ့လျားတုန်လှုပ်ကြ၏။
Psalms 18:7ထိုအခါထာဝရဘုရား၏အမျက်တော် ကြောင့် ကမ္ဘာပေါ်တွင်သိမ့်သိမ့်တုန်အောင် မြေငလျင်လှုပ်လေ၏။ တောင်တို့သည်လည်းအောက်ခြေမှတုန်လှုပ် ကြကုန်၏။
Nahum 1:6ကိုယ်တော်အမျက်ထွက်တော်မူသောအခါ အဘယ်သူသည်ခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်၏ကြောက်မက်ဖွယ်ရာအမျက်တော် အရှိန်ကိုအဘယ်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်သည်မီးလျှံထသောအမျက်တော်ကို သွန်းလောင်းတော်မူသဖြင့်၊ ရှေ့တော်၌ကျောက်တို့သည်ကြေမွကာ အမှုန့်ဖြစ်၍သွားကုန်၏။
Hebrews 12:26ထိုစဉ်အခါကကိုယ်တော်၏အသံတော် သည်ကမ္ဘာမြေကြီးကိုတုန်လှုပ်စေတော်မူ၏။ ကိုယ်တော်က``ငါသည်နောက်တစ်ကြိမ်ကမ္ဘာ မြေကြီးကိုသာမကကောင်းကင်ကိုလည်း တုန်လှုပ်စေဦးမည်'' ဟုကတိထားတော် မူလေပြီ။-
Revelation 20:11ထိုနောက်ပလ္လင်ဖြူကြီးကိုလည်းကောင်း၊ ယင်း ပလ္လင်ပေါ်တွင်စံနေတော်မူသောအရှင်ကို လည်းကောင်းငါမြင်ရ၏။ ထိုအရှင်၏ရှေ့ တော်မှောက်မှာကမ္ဘာမြေကြီးနှင့်မိုးကောင်း ကင်သည်လျင်မြန်စွာရွေ့လျားပျောက်လွင့် ၍သွားကြကုန်၏။-