The Bible Software
bible.software › Joel › Joel 2 › Joel 2:12

Joel 2:12

ထာ​ဝ​ရ​ဘု​ရား​က``သို့​ရာ​တွင်​သင်​တို့​သည် ယ​ခု​အ​ခါ​၌​ပင်​အ​မှန်​တ​ကယ်​နောင်​တ​ရ ကြ​လော့။ အ​စာ​ရှောင်​လျက်​ငို​ကြွေး​မြည်​တမ်း​လျက် ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။

Common Language Bible

In The King James Version

Therefore also now, saith the LORD, turn ye even to me with all your heart, and with fasting, and with weeping, and with mourning:

In Context

11ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​တပ်​မ​တော်​ကို မိုး​ကြိုး​သံ​နှင့် တူ​သည့်​အ​သံ​ဖြင့်​အ​မိန့်​ပေး​တော်​မူ​၏။ ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​နာ​ယူ​ကြ​သူ စစ်​သည်​တပ်​သား​များ​သည်၊ အ​ရေ​အ​တွက်​အား​ဖြင့်​များ​၏။ တန်​ခိုး ကြီး​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​ကာ​လ​သည် အ​ဘယ်​မျှ​ကြောက်​မက်​ဖွယ်​ကောင်း​ပါ​သ​နည်း။ ထို​နေ့​ရက်​ကာ​လ​ကို​အ​ဘယ်​သူ လွန်​မြောက်​နိုင်​ပါ​မည်​နည်း။

13သင်​တို့​သည်​မိ​မိ​တို့​အ​ဝတ်​များ​ကို ဆုတ်​ဖြဲ​ခြင်း​အား​ဖြင့်​သာ​မ​ဟုတ်​ဘဲ၊ ကျိုး​ပဲ့​သော​စိတ်​နှ​လုံး​အား​ဖြင့်​သင်​တို့ ဝမ်း​နည်း​မှု​ကို​ဖော်​ပြ​ရာ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြန်​လာ​ကြ​လော့။ ကိုယ်​တော်​သည်​သ​နား​ခြင်း​မေတ္တာ​က​ရု​ဏာ တော်​နှင့် ပြည့်​စုံ​တော်​မူ​၏။ စိတ်​ရှည်​၍​မိ​မိ​က​တိ​တော်​အ​တိုင်း ပြု​တော်​မူ​တတ်​၏။ ကိုယ်​တော်​သည်​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​ရန် အ​စဉ်​ပင်​အ​သင့်​ရှိ​တော်​မူ​သ​ဖြင့်​အ​ပြစ် ဒဏ် ခတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။

Read all of Joel 2

Cross References

Deuteronomy 4:29သို့​ရာ​တွင်​သင်​တို့​သည် ထို​နိုင်​ငံ​များ​၌​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​စွမ်း ရှိ​သ​မျှ​နှင့်​ရှာ​လျှင်​တွေ့​လိမ့်​မည်။-

Judges 20:26ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ သည် ဗေ​သ​လ​မြို့​သို့​သွား​၍​ငို​ကြွေး​ကြ​၏။ သူ တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ထိုင် လျက် ည​နေ​ချမ်း​တိုင်​အောင်​အ​စာ​ရှောင်​ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ မိတ် သ​ဟာ​ယ​ယဇ်​နှင့်​မီး​ရှို့​ရာ​ယဇ်​တို့​ကို​ပူ​ဇော် ကြ​၏။-

1 Samuel 7:6သို့​ဖြစ်​၍​သူ​တို့​သည်​မိ​ဇ​ပါ​မြို့​တွင်​စု​ဝေး ကြ​ပြီး​နောက် ရေ​အ​နည်း​ငယ်​ခပ်​၍​ထာ​ဝ​ရ ဘု​ရား​အား ပူ​ဇော်​သည့်​အ​နေ​ဖြင့်​သွန်း​လောင်း ကာ​ထို​နေ့​တစ်​နေ့​လုံး​အ​စာ​ရှောင်​ကြ​၏။ သူ တို့​က``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ'' ဟု​ဆို​ကြ​၏။ မိ​ဇ​ပါ​မြို့​မှ နေ​၍​ရှ​မွေ​လ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​စီ​ရင်​အုပ်​ချုပ်​သ​တည်း။

1 Kings 8:47ထို​တိုင်း​ပြည်​သည်​အ​လွန်​ဝေး​ကွာ​လျက်​ပင်​နေ စေ​ကာ​မူ ကိုယ်​တော်​ရှင့်​လူ​မျိုး​တော်​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ အ​ကယ်​၍​သူ တို့​သည်​ထို​ပြည်​တွင်​နောင်​တ​ရ​လျက် မိ​မိ​တို့ အ​ဘယ်​မျှ​အ​ပြစ်​ကူး​ခဲ့​၍​အ​ဘယ်​မျှ​ဆိုး ညစ်​ယုတ်​မာ​ခဲ့​ကြောင်း​ကို​ဖော်​ပြ​ဝန်​ခံ​လျက် အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​ပါ လျှင် အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​၏​ဆု​တောင်း ပတ္ထနာ​ကို​နား​ညောင်း​တော်​မူ​ပါ။-

2 Chronicles 6:38အ​ကယ်​၍​သူ​တို့​သည်​ထို​ပြည်​တွင်​အ​မှန်​ပင် နောင်​တ​ရ​လျက် မိ​မိ​တို့​ဘိုး​ဘေး​များ​အား ကိုယ်​တော်​ပေး​တော်​မူ​သည့်​ပြည်​တော်၊ ကိုယ်​တော် ရွေး​ချယ်​ထား​တော်​မူ​သည့်​ဤ​မြို့​တော်၊ အ​ကျွန်ုပ် တည်​ဆောက်​ထား​သည့်​ဤ​ဗိ​မာန်​တော်​သို့​မျက် နှာ​မူ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လျှင်၊-

2 Chronicles 20:3ယော​ရှ​ဖတ်​သည်​ကြောက်​လန့်​သ​ဖြင့်​လမ်း ပြ​တော်​မူ​ရန် ထာ​ဝ​ရ​ဘု​ရား​ထံ​ပတ္ထ​နာ​ပြု တော်​မူ​၏။ ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​၌ အ​စာ​ရှောင်​ရန်​နေ့​ကို​သတ်​မှတ်​တော်​မူ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Joel 2:12

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Joel 2:11Joel 2Joel 2:13 →