Joel 2:19
ကိုယ်တော်သည်သူတို့အား``ယခုငါသည် သင်တို့အား ဂျုံဆန်၊စပျစ်ရည်နှင့်သံလွင်ဆီကို ပေးတော်မူမည်ဖြစ်၍၊ သင်တို့သည်ရောင့်ရဲလျက်နေကြလိမ့်မည်။ အခြားအမျိုးသားများသည်လည်းသင်တို့ အား ကဲ့ရဲ့ကြတော့မည်မဟုတ်။
Common Language Bible
In The King James Version
In Context
Cross References
Ruth 1:6ကာလအတန်ကြာသောအခါ ထာဝရဘုရား သည်ကောက်ပဲသီးနှံအထွက်များစေခြင်းအား ဖြင့် မိမိ၏လူစုအားကောင်းချီးပေးတော်မူ ကြောင်းသတင်းကိုနောမိကြားရလေသည်။ သို့ ဖြစ်၍သူသည်မိမိ၏ချွေးမများနှင့်အတူ မောဘပြည်မှထွက်ခွာရန်အသင့်ပြင်လေ၏။-
Isaiah 65:21လူတို့သည်အိမ်များကိုတည်ဆောက်၍မိမိ တို့ကိုယ်တိုင်နေထိုင်ရကြလိမ့်မည်။ ထိုအိမ် များတွင်မဆိုင်သူများနေရမည်မဟုတ် ပေ။ လူတို့သည်စပျစ်ဥယျာဉ်များကိုစိုက် ပျိုး၍စပျစ်သီးများကိုစားရကြလိမ့် မည်။-
Ezekiel 34:29ငါသည်သူတို့အားမြေသြဇာကောင်း သည့်လယ်ယာများကိုပေး၍ ပြည်တွင်း၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့်ကင်းဝေး စေမည်။ အခြားလူမျိုးများသည်လည်း သူတို့အားအဘယ်အခါမျှပြောင်လှောင် ကြတော့မည်မဟုတ်။-
Ezekiel 36:29သင်တို့အားညစ်ညမ်းမှုရှိသမျှနှင့်ကင်း စင်စေမည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေး ကိုနောက်တစ်ဖန်မတွေ့မကြုံရကြစေ ရန်ဆန်ရေစပါးပေါများစေမည်။-
Ezekiel 39:29ငါသည်မိမိ၏လူမျိုးတော်ဣသရေလအမျိုး သားတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကိုသွန်း လောင်းမည်။ သူတို့အားနောင်အဘယ်အခါ ၌မျှငါကျောခိုင်းမည်မဟုတ်။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Joel 1:10လယ်ယာများသည်ကောက်ပင်ကင်းလျက်နေ၏။ ဂျုံဆန်များသည်ပျက်စီး၍စပျစ်သီးများမှာခြောက်သွေ့ကုန်လျက်၊ သံလွင်ပင်များသည်ညှိုးနွမ်းသွားကြ၏။ ထို့ကြောင့်မြေကြီးသည်ငိုကြွေးမြည်တမ်းလေတော့၏။