bible.software › Joel › Joel 2 › Joel 2:25
Joel 2:25
သင်တို့၏သီးနှံများကိုကျိုင်းကောင်အုပ်တို့ ကိုက်စားလိုက်သည့်နှစ်များက၊ သင်တို့ဆုံးရှုံးမှုကိုငါပြန်လည်ပေး လျော်မည်။ သင်တို့ထံသို့ထိုကျိုင်းကောင်အုပ်များကို စေလွှတ်သူမှာငါပင်ဖြစ်၏။
Common Language Bible
In The King James Version
And I will restore to you the years that the locust hath eaten, the cankerworm, and the caterpiller, and the palmerworm, my great army which I sent among you.
In Context
24ကောက်နယ်တလင်းတို့သည်ဂျုံဆန်များနှင့် ပြည့်နှက်နေလိမ့်မည်။ အသီးနယ်ရာကျင်းတို့သည်လည်းစပျစ် ရည်နှင့် သံလွင်ဆီတို့ဖြင့်လျှံလျက်နေလိမ့်မည်။
26ယခုအခါသင်တို့သည်အစာရေစာ အလုံအလောက် ရရှိကြမည်ဖြစ်၍၊ရောင့်ရဲလျက်နေလိမ့်မည်။ သင်တို့သည်မိမိတို့အတွက်အံ့သြဖွယ် အမှုများကိုပြုတော်မူသော၊ ဘုရားသခင်ထာဝရဘုရားအားထောမနာ ပြုကြလိမ့်မည်။ ငါ၏လူမျိုးတော်သည်နောင်ဘယ်အခါ၌မျှ ကဲ့ရဲ့ခြင်းကိုခံရကြတော့မည်မဟုတ်။
Read all of Joel 2
Cross References
Joel 2:2ထိုနေ့သည်မှောင်မိုက်အုံ့ဆိုင်းသောနေ့၊မည်း နက်လျက် မိုးတိမ်ထူထပ်သောနေ့ဖြစ်လိမ့်မည်။ တောင်ရိုးများကိုလွှမ်းခြုံလိုက်သည့် မှောင်ရိပ်ကဲ့သို့၊ကျိုင်းကောင်အုပ်ကြီးသည်ရှေ့သို့ ချီတက်လာလေသည်။ ဤသို့အဘယ်အခါကမျှဖြစ်ပျက်ခဲ့ဘူးသည်မရှိ။ နောင်အဘယ်အခါ၌မျှလည်းဖြစ်ပျက်လိမ့်မည် မဟုတ်။
This Verse In Other Editions
Study Joel 2:25