The Bible Software
bible.software › Joel › Joel 2 › Joel 2:26

Joel 2:26

ယ​ခု​အ​ခါ​သင်​တို့​သည်​အ​စာ​ရေ​စာ အ​လုံ​အ​လောက် ရ​ရှိ​ကြ​မည်​ဖြစ်​၍၊ရောင့်​ရဲ​လျက်​နေ​လိမ့်​မည်။ သင်​တို့​သည်​မိ​မိ​တို့​အ​တွက်​အံ့​သြ​ဖွယ် အ​မှု​များ​ကို​ပြု​တော်​မူ​သော၊ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်။ ငါ​၏​လူ​မျိုး​တော်​သည်​နောင်​ဘယ်​အ​ခါ​၌​မျှ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။

Common Language Bible

In The King James Version

And ye shall eat in plenty, and be satisfied, and praise the name of the LORD your God, that hath dealt wondrously with you: and my people shall never be ashamed.

In Context

25သင်​တို့​၏​သီး​နှံ​များ​ကို​ကျိုင်း​ကောင်​အုပ်​တို့ ကိုက်​စား​လိုက်​သည့်​နှစ်​များ​က၊ သင်​တို့​ဆုံး​ရှုံး​မှု​ကို​ငါ​ပြန်​လည်​ပေး လျော်​မည်။ သင်​တို့​ထံ​သို့​ထို​ကျိုင်း​ကောင်​အုပ်​များ​ကို စေ​လွှတ်​သူ​မှာ​ငါ​ပင်​ဖြစ်​၏။

27အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ငါ​သည် သင်​တို့​အ​လယ်​၌ ရှိ​နေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၍၊ ငါ​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း​ကို လည်း​ကောင်း၊ ထို​အ​ခါ​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​၏​လူ​မျိုး​တော်​သည်​နောင်​ဘယ်​အ​ခါ​မျှ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။

Read all of Joel 2

Cross References

Genesis 33:11ကိုယ်​တော်​ထံ​သို့​ယ​ခု​ကျွန်​တော်​ယူ​ဆောင်​လာ သော​လက်​ဆောင်​များ​ကို​လက်​ခံ​ပါ။ ဘု​ရား​သ​ခင်​သည်​ကျွန်​တော်​လို​သ​မျှ​ကို​ပေး​သ​နား တော်​မူ​ပါ​ပြီ'' ဟု​မ​နေ​မ​နား​တိုက်​တွန်း သ​ဖြင့်​ဧ​သော​သည်​လက်​ဆောင်​များ​ကို လက်​ခံ​လိုက်​လေ​သည်။

Leviticus 26:5အ​သီး​အ​နှံ​များ​လှိုင်​လှိုင်​ထွက်​သ​ဖြင့် သင်​တို့ သည်​စ​ပါး​ရိတ်​သိမ်း​၍​မ​ပြီး​ပြတ်​မီ စ​ပျစ်​သီး စု​သိမ်း​ချိန်​ရောက်​လိမ့်​မည်။ စ​ပျစ်​သီး​စု​သိမ်း​၍ မ​ပြီး​ပြတ်​မီ​စ​ပါး​စိုက်​ပျိုး​ချိန်​ရောက်​လိမ့်​မည်။ သင်​တို့​သည်​ဝ​စွာ​စား​ရ​၍​ဘေး​ကင်း​လုံ​ခြုံ စွာ​နေ​ထိုင်​ရ​လိမ့်​မည်။

Deuteronomy 6:11သင်​တို့​မ​စု​ဆောင်း​ဘဲ ကောင်း​မွန်​သော​အ​ရာ များ​နှင့်​ပြည့်​စုံ​သော​အိမ်​များ​ကို​လည်း​ကောင်း၊ သင်​တို့​မ​တူး​သော​ရေ​တွင်း​များ​ကို​လည်း ကောင်း၊ သင်​တို့​မ​စိုက်​ပျိုး​သော​စ​ပျစ်​ခြံ​နှင့် သံ​လွင်​ခြံ​များ​ကို​လည်း​ကောင်း သင်​တို့​အား ပေး​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​ကို​ပို့​ဆောင်​၍ ထို​ပြည်​သို့​ရောက်​သ​ဖြင့် သင်​တို့​သည်​အ​စား​အ​စာ​ကို​ဝ​လင်​စွာ စား​ရ​သော​အ​ခါ၊-

Deuteronomy 12:7သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့် သင် တို့​အ​လုပ်​လုပ်​၍​ရ​ရှိ​သော​အ​စား​အ​စာ​များ ကို သင်​တို့​နှင့်​တ​ကွ​သင်​တို့​၏​မိ​သား​စု​များ သည် ထို​ဌာ​န​တွင်​ကိုယ်​တော်​၏​ရှေ့​တော်​၌ ပျော်​ရွှင်​စွာ​စား​ရ​ကြ​မည်။''

Deuteronomy 12:18သင်​တို့​နှင့်​သင်​တို့​၏​သား​သမီး​များ၊ ကျေး ကျွန်​များ၊ သင်​တို့​မြို့​ရွာ​များ​တွင်​နေ​ထိုင် သော​လေ​ဝိ​အ​မျိုး​သား​များ​သည် ဤ​ပူ​ဇော် သ​ကာ​များ​ကို​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​သည့်​တစ်​ခု​တည်း သော​ကိုး​ကွယ်​ရာ​ဌာ​န​၌​သာ​စား​သုံး​ရ မည်။ သင်​တို့​သည်​ထို​ဌာ​န​တွင်​သင်​တို့​အ​လုပ် လုပ်​၍ ရ​ရှိ​သော​အ​စား​အ​စာ​များ​ကို​ပျော် ရွှင်​စွာ​စား​သုံး​ကြ​လော့။-

Nehemiah 9:25ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​ခံ​တပ်​မြို့​များ၊ မြေ​သြ​ဇာ​ကောင်း​သည့်​ပြည်၊ ဘဏ္ဍာ​အ​မျိုး​မျိုး​နှင့်​ပြည့်​ဝ​သည့်​အိမ်​များ အ​ဆင်​သင့်​တူး​ထား​ပြီး ရေ​တွင်း​များ​သံ​လွင်​ပင်​များ​သစ်​သီး​ပင်​များ​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​ကို​သိမ်း​ယူ​ကြ​ရ​ပါ​၏။ သူ​တို့​သည်​စိတ်​ရှိ​သ​မျှ​စား​သောက်​ကာ ဝ​ဖြိုး​လာ​ကြ​ပါ​၏။ ကိုယ်​တော်​ပေး​တော်​မူ​သော​ကောင်း​မြတ်​သည့် အ​ရာ​တို့​ကို​ခံ​စား​ကြ​ရ​ပါ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Joel 2:26

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Joel 2:25Joel 2Joel 2:27 →