Psalms 50:3
ငါတို့၏ဘုရားသည်ကြွလာတော်မူ၏။ သို့ရာတွင်ဆိတ်ဆိတ်ကြွလာတော်မူသည်မဟုတ်။ ရှေ့တော်တွင်မီးတောက်မီးလျှံဟုန်းဟုန်းထလျက် ကိုယ်တော်၏ပတ်လည်တွင်လေပြင်းမုန်တိုင်း တိုက်ခတ်လျက်ရှိ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 19:18ထာဝရဘုရားသည်သိနာတောင်ပေါ်သို့ မီးတောက်မီးလျှံအသွင်ဖြင့်ကြွဆင်းလာ သည်ဖြစ်၍၊ တောင်တစ်ခုလုံးမီးခိုးဖြင့်ဖုံး လွှမ်းလျက်ရှိလေ၏။ မီးဖိုမှမီးခိုးတက် သကဲ့သို့မီးခိုးသည်အထက်သို့တက်၍ တစ်တောင်လုံးပြင်းစွာမြေငလျင်လှုပ် လေ၏။-
Numbers 16:35ထိုနောက်ထာဝရဘုရားသည်လောင်မီးကျ စေ၍ နံ့သာပေါင်းဆက်သသောသူနှစ်ရာ့ ငါးဆယ်ကိုမီးလောင်ကျွမ်းစေ၏။
1 Kings 19:11ထိုအခါထာဝရဘုရားကသူ့အား``ဂူပြင် သို့ထွက်၍တောင်ထိပ်ပေါ်၌ငါ၏အရှေ့မျက် မှောက်တွင်ရပ်နေလော့'' ဟုမိန့်တော်မူ၏။ ထို့ နောက်ထာဝရဘုရားသည်သူ၏အနီးမှ ဖြတ်ကြွတော်မူ၍ လေပြင်းမုန်တိုင်းကိုတိုက် ခတ်စေတော်မူ၏။ သို့ဖြစ်၍တောင်များသည် ပြိုကွဲကြလျက်ကျောက်တို့သည်လည်းကြေ မွသွားလေသည်။ သို့ရာတွင်ထာဝရဘုရား သည်ထိုလေမုန်တိုင်းထဲ၌ရှိတော်မမူ။ လေ အတိုက်ရပ်သောအခါမြေငလျင်လှုပ်လေ ၏။ သို့ရာတွင်ထိုမြေငလျင်ထဲ၌လည်း ထာဝရဘုရားရှိတော်မမူ။-
Psalms 18:9ကိုယ်တော်သည်မိုးကောင်းကင်ကိုဖွင့်ဟလျက် ဆင်းသက်ကြွလာတော်မူ၏။ ခြေဖဝါးတော်အောက်တွင်မဲမှောင်သော မိုးတိမ်များရှိ၏။
Psalms 50:21သင်သည်ဤအမှုတို့ကိုပြုကျင့်သော်လည်း ငါသည်ဆိတ်ဆိတ်နေခဲ့၏။ သို့ဖြစ်၍ငါ့ကိုသင်နှင့်တူသည်ဟုထင်မှတ်ခဲ့၏။ သို့ရာတွင်ယခုငါသည်သင့်အားပြောဆို ဆုံးမမည်။ သင်၏အပြစ်ကိုပွင့်လင်းစွာသင့်အားဖော်ပြမည်။
Psalms 83:1အို ဘုရားသခင်၊ ဆိတ်ဆိတ်နေတော်မမူပါနှင့်။ ငြိမ်သက်စွာနေတော်မမူပါနှင့်။ ဆိတ်ငြိမ်စွာနေတော်မမူပါနှင့်။