Joel 2:30
``ငါသည်ထိုနေ့ရက်ကာလနှင့်ပတ်သက်၍ မိုးကောင်းကင်၌သော်လည်းကောင်း၊မြေကြီး ပေါ်၌ သော်လည်းကောင်းပုဗ္ဗနိမိတ်များကိုပြမည်။ သွေးထွက်သံယိုဖြစ်မှုမီးလျှံမီးခိုးများ ထမှုတို့ ဖြစ်ပေါ်လာလိမ့်မည်။
Common Language Bible
In The King James Version
And I will shew wonders in the heavens and in the earth, blood, and fire, and pillars of smoke.
In Context
Cross References
Genesis 19:28သူသည်သောဒုံမြို့၊ ဂေါမောရမြို့နှင့်ချိုင့်ဝှမ်းတစ်လျှောက်လုံးကိုလှမ်းကြည့်လိုက်ရာ မီးဖိုကြီးတစ်ခုမှမီးခိုးတက်သကဲ့သို့ မြေပြင်မှအခိုးတက်လျက်ရှိသည်ကိုမြင်ရလေသည်။-
Judges 20:38ဣသရေလတပ်မကြီးသည်တပ်ပုန်းနှင့် အချက် ပြအမှတ်အသားတစ်ခုကိုစီစဉ်ထားခဲ့ကြ ၏။ မြို့ထဲမှမီးခိုးလုံးကြီးများတက်လာသည် ကိုမြင်သောအခါ၊-
Song of Solomon 3:6ထိုသူအပေါင်းတို့သည် ထားကိုင်လျက်၊ စစ်မှု စစ်ရေး၌ လေ့ကျက်သောသူ ဖြစ်ကြ၏။
Mark 13:24``ဆင်းရဲဒုက္ခများကျရောက်ပြီးသောကာလ၌ နေသည်မှောင်မိုက်၍သွားလိမ့်မည်။ လသည် အလင်းရောင်ကိုပေးလိမ့်မည်မဟုတ်။-
Luke 21:25``နေလကြယ်နက္ခတ်များ၌ပုဗ္ဗနိမိတ်များပေါ်ထွန်း လာလိမ့်မည်။ ကမ္ဘာပေါ်တွင်လူမျိုးအပေါင်းတို့သည် ပင်လယ်လှိုင်းတံပိုးမြည်ဟီးသံကြောင့်စိတ်ပျက် အားလျော့ကြောက်ရွံ့ကြလိမ့်မည်။-
Revelation 6:12ထိုနောက်သိုးသူငယ်တော်သည်ဆဋ္ဌမချိပ် တံဆိပ်တော်ကိုဖွင့်လေလျှင် မြေငလျင်ပြင်း စွာလှုပ်လေ၏။ နေသည်ဂုံအိတ်ထည်မည်းကဲ့ သို့မည်းနက်လာ၏။ လတစ်ဝန်းလုံးသည် လည်းသွေးကဲ့သို့နီလာ၏။-