ရှင်မာကုခရစ်ဝင် 13:24
``ဆင်းရဲဒုက္ခများကျရောက်ပြီးသောကာလ၌ နေသည်မှောင်မိုက်၍သွားလိမ့်မည်။ လသည် အလင်းရောင်ကိုပေးလိမ့်မည်မဟုတ်။-
Common Language Bible
In The King James Version
In Context
Read all of ရှင်မာကုခရစ်ဝင် 13
Cross References
Isaiah 13:10ကြယ်နက္ခတ်အပေါင်းတို့သည်မတောက်ဘဲ နေလိမ့်မည်။ နေထွက်လာသောအခါမှောင် လျက်နေလိမ့်မည်။ လသည်လည်းအလင်း ရောင်ကိုပေးလိမ့်မည်မဟုတ်။
Jeremiah 4:23ငါသည်၊ကမ္ဘာမြေကြီးကိုကြည့်လိုက်သော အခါ ယင်းသည်ပုံသဏ္ဌာန်ကင်းမဲ့လျက်နေ၏။ မိုးကောင်းကင်ကိုကြည့်သောအခါ၌လည်း အလင်းရောင်မတွေ့ရ။
Ezekiel 32:7သင့်အားသုတ်သင်ဖျက်ဆီးချိန်၌ငါသည် မိုးကောင်းကင်ကိုဖုံးအုပ်ကွယ်ကာ၍ ကြယ် တာရာများကိုကွယ်ပျောက်စေမည်။ နေကို မိုးတိမ်များဖုံးအုပ်လိမ့်မည်။ လသည် လည်းအလင်းရောင်ပေးလိမ့်မည်မဟုတ်။-
Daniel 12:1ပိတ်ချောအင်္ကျီကိုဝတ်ဆင်ထားသော ကောင်းကင်တမန်က``ထိုကာလ၌ကြီး မြတ်သောကောင်းကင်တမန်မိက္ခေလသည် ပေါ်လာလိမ့်မည်။ သူသည်သင်၏အမျိုးသား များကိုစောင့်ထိန်းသောသူဖြစ်၏။ ထိုနောက် လူမျိုးအပေါင်းတို့ဖြစ်ပေါ်လာချိန်မှအစ ပြု၍ အဘယ်အခါ၌မျှမကြုံဘူးသော ဆင်းရဲဒုက္ခများဆိုက်ရောက်ရာကာလကျ ရောက်လာလိမ့်မည်။ ထိုအခါ၌ဘုရားသခင်၏စာစောင်တော်တွင်စာရင်းဝင် သူ သင်၏အမျိုးသားအပေါင်းတို့သည် လွတ်မြောက်ကြလိမ့်မည်။-
Joel 2:30``ငါသည်ထိုနေ့ရက်ကာလနှင့်ပတ်သက်၍ မိုးကောင်းကင်၌သော်လည်းကောင်း၊မြေကြီး ပေါ်၌ သော်လည်းကောင်းပုဗ္ဗနိမိတ်များကိုပြမည်။ သွေးထွက်သံယိုဖြစ်မှုမီးလျှံမီးခိုးများ ထမှုတို့ ဖြစ်ပေါ်လာလိမ့်မည်။
Amos 5:20ထာဝရဘုရား၏နေ့တော်သည်အလင်း မရဘဲ အမှောင်ကျသောနေ့ဖြစ်လိမ့်မည်။ ထွန်းတောက်ခြင်းအလျှင်းမရှိဘဲ အမှောင်ထု ကြီးဖုံးနေသောနေ့သာလျှင်ဖြစ်လိမ့်မည်။