ရှင်ယောဟန်ခရစ်ဝင် 1:17
ဘုရားသခင်သည်ပညတ်တရားကိုမောရှေ အားဖြင့်ပေးအပ်တော်မူ၏။ သို့ရာတွင်ကျေးဇူး တရားနှင့် သစ္စာတရားတို့ကိုမူကားယေရှုခရစ် အားဖြင့်ပေးအပ်တော်မူ၏။-
Common Language Bible
In The King James Version
For the law was given by Moses, but grace and truth came by Jesus Christ.
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 1
Cross References
Genesis 3:15သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
Exodus 20:1ဘုရားသခင်က``ငါသည်သင်တို့အားကျွန် ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင် တို့၏ဘုရားသခင်ထာဝရဘုရားဖြစ် တော်မူ၏။
Deuteronomy 5:1မောရှေသည်ဣသရေလအမျိုးသားအပေါင်း တို့ကိုဆင့်ခေါ်၍ သူတို့အားဤသို့ပြောကြား လေသည်။ ``ဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့အား ငါပြဋ္ဌာန်းပေးမည့်ပညတ်တော် အားလုံးကိုနားထောင်ကြလော့။ ထိုပညတ် တော်များကိုနာယူလိုက်နာရန်သတိပြု ကြလော့။-
Psalms 85:10မေတ္တာနှင့်သစ္စာသည်ဆုံမိကြလိမ့်မည်။ တရားမျှတမှုနှင့်ငြိမ်းချမ်းသာယာမှုသည် ဖက်ယမ်းကြလိမ့်မည်။
Psalms 98:3ကိုယ်တော်သည်မိမိ၏ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်နှင့်အညီ ဣသရေလအမျိုးသားတို့အားထားတော်မူသော ကတိတော်ကိုတည်စေတော်မူ၏။ အရပ်တကာရှိလူအပေါင်းတို့သည်ငါတို့ ဘုရား၏ အောင်ပွဲကိုတွေ့မြင်ကြရလေပြီ။
Luke 1:54ကိုယ်တော်သည်ငါတို့၏ဘိုးဘေးများအား ပေးခဲ့သည့်ကတိတော်နှင့်အညီ၊ မိမိ၏အစေခံဣသရေလကိုမစတော်မူပြီ။