ရှင်ယောဟန်ခရစ်ဝင် 1:29
နောက်တစ်နေ့၌မိမိ၏ထံသို့သခင်ယေရှု ကြွလာသည်ကိုမြင်လျှင် ယောဟန်က ``လောက သားတို့၏အပြစ်ကိုယူဆောင်သွားတော်မူ သောဘုရားသခင်၏သိုးသူငယ်တော်ကို ကြည့်ကြလော့။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 1
Cross References
Exodus 12:3ဣသရေလအမျိုးသားအပေါင်းတို့အား ဤသို့ညွှန်ကြားလော့။ ဤလဆယ်ရက်နေ့တွင် မိသားစုတစ်စုလျှင် သိုးကလေးသို့မဟုတ် ဆိတ်ကလေးတစ်ကောင်ကျစီရွေးယူရမည်။-
Leviticus 10:17``သင်တို့သည်အဘယ်ကြောင့်ထိုယဇ်ကောင်၏ အသားကို သန့်ရှင်းရာဌာနတွင်မစားကြ သနည်း။ အပြစ်ဖြေရာယဇ်သည်အထူးပူ ဇော်သောပူဇော်သကာဖြစ်၍ ထာဝရဘုရား သည်ဣသရေလအမျိုးသားတို့၏အပြစ် ကိုဖြေရန်အတွက် သင်တို့အားထိုယဇ် ကောင်အသားကိုပေးတော်မူပြီ။-
Numbers 18:23ယခုမှစ၍လေဝိအနွယ်ဝင်တို့ကသာလျှင် တဲတော်ကိုထိန်းသိမ်း၍ တဲတော်နှင့်ဆိုင်သော ဝေယျာဝစ္စရှိသမျှကိုတာဝန်ခံဆောင်ရွက် ရမည်။ ဤပညတ်ကိုသင်၏သားမြေးအစဉ် အဆက်စောင့်ထိန်းရမည်။ ငါ့အားဣသရေလ အမျိုးသားတို့ကအထူးအလှူအဖြစ် ဆက် သသောဆယ်ဖို့တစ်ဖို့ကိုလေဝိအနွယ်ဝင် တို့ကိုငါပေးထားပြီဖြစ်သောကြောင့် ဣသ ရေလနိုင်ငံတွင်ပစ္စည်းဥစ္စာမပိုင်ဆိုင်ရ။ သို့ ဖြစ်၍သူတို့သည်ဣသရေလနိုင်ငံတွင် ပစ္စည်းဥစ္စာမပိုင်ရဟုငါအမိန့်ရှိခဲ့ပြီ'' ဟုမိန့်တော်မူ၏။
Numbers 28:3ထာဝရဘုရားအား ပူဇော်ဆက်သရမည့် သကာများကိုဖော်ပြပေအံ့။ နေ့စဉ်မီးရှို့ ရာယဇ်အတွက်အပြစ်အနာကင်းသော တစ်နှစ်သားအရွယ်သိုးထီးနှစ်ကောင်ကို ပူဇော်ရမည်။-
Isaiah 53:11သူသည်ဝေဒနာခံစားနေရာမှဝမ်းမြောက် ရွှင်လန်းခွင့်ကိုပြန်လည်ရရှိလိမ့်မည်။ မိမိခံစားခဲ့ရသည့်ဝေဒနာမှာအချည်းနှီး မဖြစ်ကြောင်းကိုလည်းသိရှိလာလိမ့်မည်။ သူသည်ငါ၏အစေခံသူတော်ကောင်းဖြစ်၏။ လူအများ၏အပြစ်ဝန်ကိုထမ်းဆောင်လျက်၊ ထိုဆောင်ရွက်မှုကြောင့်ထိုသူတို့အား အပြစ်လွှတ်ခြင်းအခွင့်ကိုငါပေးမည်။