ရှင်ယောဟန်ခရစ်ဝင် 1:4
ဖန်ဆင်းတော်မူသမျှသောအရာတို့သည် နှုတ်ကပတ်တော်အားဖြင့် အသက်ကိုရရှိကြ၏။ ထိုအသက်သည်လူသားတို့ အတွက်အလင်းဖြစ်၏။-
Common Language Bible
In The King James Version
In him was life; and the life was the light of men.
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 1
Cross References
Psalms 60:1အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား စွန့်ပစ်တော်မူ၍အရေးရှုံးနိမ့်စေတော်မူပါပြီ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အမျက်ထွက်တော်မူပါပြီ။ သို့ရာတွင်ယခုကျွန်တော်မျိုးတို့ထံသို့ ပြန်၍ကြွတော်မူပါ။
Isaiah 35:4စိတ်ပျက်အားလျော့၍နေသူအပေါင်းတို့အား ``ကြံ့ခိုင်မှုရှိကြလော့။ မကြောက်ကြနှင့်ဘုရားသခင်သည် သင်တို့ကိုကယ်ဆယ်ရန် ကြွလာတော်မူလိမ့်မည်။ သင်တို့၏ရန်သူများအားလည်း လက်စားချေတော်မူလိမ့်မည်'' ဟု ပြောကြားကြလော့။
Isaiah 42:16``ငါသည်မိမိ၏မျက်မမြင်လူစုအား သူတို့မသွားဘူးသောလမ်းခရီးဖြင့် ခေါ်ဆောင်သွားမည်။ ငါသည်သူတို့၏ရှေ့တွင်အမှောင်ကိုအလင်း ဖြစ်စေ၍၊ ကြမ်းတမ်းသောခရီးကိုချောမောသွားစေမည်။ ဤအမှုအရာကိုငါပြုမည်။ မပြုဘဲ နေလိမ့်မည်မဟုတ်။
Matthew 4:16အမှောင်တွင်နေထိုင်ကြသောသူတို့သည် အလင်းရောင်ကြီးကိုမြင်ရလေပြီ။ သေမင်းအရိပ်တွင်နေထိုင်ကြသူတို့၏အပေါ်သို့ အလင်းရောင်သက်ရောက်လိမ့်မည်'' ဟုဟောကြားခဲ့၏။
John 5:21ခမည်းတော်သည်သူသေများကိုအသက်ပြန် ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသူများကိုအသက်ရှင်စေ တော်မူ၏။-