ရှင်ယောဟန်ခရစ်ဝင် 12:1
ပသခါပွဲတော်ကျရောက်ရန်ခြောက်ရက်မျှ အလို၌ သေလွန်ပြီးမှပြန်၍အသက်ရှင် စေတော်မူခဲ့သူ လာဇရုနေထိုင်ရာဗေသနိ ရွာသို့သခင်ယေရှုကြွတော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 12
Cross References
Matthew 21:17ထိုနောက်သခင်ယေရှုသည်မြို့မှထွက်ပြီးလျှင် ဗေသနိရွာသို့ကြွ၍ထိုညတည်းခိုတော်မူ၏။
Mark 11:11သခင်ယေရှုသည်ယေရုရှလင်မြို့သို့ရောက်တော် မူသောအခါ ဗိမာန်တော်သို့ဝင်တော်မူ၍ခပ်သိမ်း သောအရာတို့ကိုလှည့်လည်ကြည့်ရှုတော်မူ၏။ ထို နောက်နေဝင်ခါနီးပြီဖြစ်သဖြင့် တပည့်တော်တစ် ဆယ့်နှစ်ဦးနှင့်အတူဗေသနိရွာသို့ကြွတော် မူ၏။
Luke 24:50ကိုယ်တော်သည်တပည့်တော်တို့အားဗေသနိရွာ သို့ခေါ်ဆောင်သွားတော်မူပြီးလျှင်လက်တော်ကို ချီ၍ကောင်းချီးပေးတော်မူ၏။-
John 11:44ထိုအခါသေလွန်သောသူသည်ခြေလက်၌ အဝတ်ဖြင့်ပတ်လျက်၊ မျက်နှာ၌ပဝါဖြင့် စည်းလျက်ထွက်လာလေသည်။ သခင်ယေရှု က ``သူ့အားပတ်ထားသည့်အဝတ်များကို ဖြေပေးကြလော့'' ဟုမိန့်တော်မူ၏။
John 12:20ပွဲတော်အတွင်းကိုးကွယ်ဝတ်ပြုရန်ယေရု ရှလင်မြို့သို့သွားကြသောလူတို့အထဲတွင် ဂရိအမျိုးသားအချို့ပါ၏။-