ရှင်ယောဟန်ခရစ်ဝင် 12:2
ကိုယ်တော်အားညစာဖြင့်ဧည့်ခံရာ၌မာသက ဧည့်ဝတ်ကိုပြု၏။ ကိုယ်တော်နှင့်အတူစားပွဲတွင် ထိုင်ကြသူများအထဲတွင်လာဇရုလည်းပါ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 12
Cross References
Matthew 26:6သခင်ယေရှုသည်ဗေသနိရွာတွင်အရေပြား ရောဂါစွဲကပ်ခဲ့ဖူးသူရှိမုန်၏အိမ်၌ရှိ၍ အစားအစာသုံးဆောင်လျက်နေတော်မူ သောအခါ၊-
Luke 5:29ထိုနောက်လေဝိသည်မိမိ၏အိမ်တွင်ကိုယ်တော် အတွက်ဧည့်ခံပွဲကြီးကျင်းပ၏။ ဧည့်သည်များ တွင်အခွန်ခံသူနှင့်အခြားသူအမြောက်အမြား ပါဝင်ကြ၏။-
Luke 12:37အစေခံတို့စောင့်မျှော်နေကြသည်ကို သခင် ပြန်ရောက်ချိန်၌တွေ့ရှိရ၏။ ထိုအစေခံတို့ သည်မင်္ဂလာရှိကြ၏။ သင်တို့အားအမှန် အကန်ငါဆိုသည်ကား သခင်သည်ထို အစေခံတို့ကိုဧည့်သည်များအဖြစ်စား ပွဲတွင်ထိုင်စေလျက် မိမိကိုယ်တိုင်ခါးကို စည်းကာဧည့်ခံကျွေးမွေးလိမ့်မည်။-
Luke 22:27စားပွဲထိုင်သူ၊ အစေခံသူတို့အနက်အဘယ်သူ သာ၍ကြီးမြတ်သနည်း၊ စားပွဲထိုင်သူမဟုတ် လော။ သို့ရာတွင်ငါသည်သင်တို့တွင်အစေခံသူ သဖွယ်ဖြစ်၏။
John 12:9ဗေသနိရွာသို့ကိုယ်တော်ရောက်ရှိနေကြောင်း ကြားရသောအခါ လူပရိသတ်ကြီးသည် ထိုရွာသို့လာရောက်ကြ၏။ သူတို့သည်သခင် ယေရှုကြောင့်သာလျှင်လာကြသည်မဟုတ်။ ကိုယ်တော်အသက်ပြန်၍ရှင်စေတော်မူခဲ့ သူ လာဇရုကိုတွေ့မြင်လိုကြသောကြောင့် လည်းဖြစ်၏။-