ရှင်ယောဟန်ခရစ်ဝင် 12:21
သူတို့သည် (ဂါလိလဲပြည်ဗက်ဇဲဒမြို့သားဖြစ် သူ) ဖိလိပ္ပုထံသို့သွားကြ၍ ``ဆရာ၊ အကျွန်ုပ် တို့သည်သခင်ယေရှုကိုမြင်လိုပါသည်'' ဟု ပြောကြားကြ၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 12
Cross References
Matthew 8:9အကျွန်ုပ်သည်အထက်အာဏာကိုနာခံရသူ ဖြစ်ပါ၏။ အကျွန်ုပ်၏လက်အောက်တွင်လည်းစစ် သားများရှိပါ၏။ စစ်သားတစ်ယောက်ကိုသွား ချေဟုအကျွန်ုပ်ဆိုလျှင်သူသည်သွားပါ၏။ အခြားတစ်ယောက်ကိုလာခဲ့ဟုဆိုလျှင်လာ ပါ၏။ ထို့အပြင်အကျွန်ုပ်၏ကျွန်အားဤအမှု ကိုပြုလော့ဟုဆိုလျှင်သူသည်ပြုပါ၏'' ဟု လျှောက်၏။
Matthew 12:19သို့ရာတွင်သူသည်ငြင်းခုံခြင်း၊သို့မဟုတ် ဟစ်အော်ခြင်းကိုပြုလိမ့်မည်မဟုတ်၊ လမ်းတွင်သူ၏အသံကိုအဘယ်သူမျှ ကြားရလိမ့်မည်မဟုတ်။
Luke 19:2ထိုအရပ်တွင်ဇက္ခဲနာမည်ရှိသောအကောက်ခွန် မှူးတစ်ယောက်ရှိ၏။ သူသည်ချမ်းသာကြွယ်ဝသူ ဖြစ်၏။-
John 1:43နောက်တစ်နေ့၌ကိုယ်တော်သည်ဂါလိလဲပြည် သို့ကြွတော်မူရန် စိတ်ပိုင်းဖြတ်တော်မူ၏။ ဖိလိပ္ပု ကိုတွေ့လျှင် ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော် မူ၏။-
John 6:40သားတော်ကိုဖူးမြင်၍ယုံကြည်လာသူ အပေါင်းတို့သည် ထာဝရအသက်ကိုရကြ စေရန်ခမည်းတော်အလိုတော်ရှိ၏။ ငါသည် လည်းသူတို့အား နောက်ဆုံးသောနေ့၌သေ ခြင်းမှရှင်ပြန်ထမြောက်စေမည်'' ဟုမိန့် တော်မူ၏။
Romans 15:8ဘုရားသခင်သည်ကတိတည်တော်မူသော အရှင်ဖြစ်ကြောင်းကိုပြသရန်၊ တစ်နည်းအား ဖြင့်ဘိုးဘေးတို့အားဘုရားသခင်ထားတော် မူသောကတိတော်ကိုအကောင်အထည်ဖော်ရန် ခရစ်တော်သည်ယုဒအမျိုးသားတို့၏အကျိုး ငှာဆောင်ရွက်တော်မူသည်ဟုငါဆို၏။ လူမျိုး ခြားတို့ပင်လျှင်ဘုရားသခင်၏ကရုဏာ တော်ကိုချီးကူးနိုင်ကြစေရန်အတွက်လည်း ဆောင်ရွက်တော်မူ၏။ ကျမ်းစာတော်တွင်၊ ``ထို့ကြောင့်အကျွန်ုပ်သည်လူမျိုးခြားတို့အထဲတွင် ကိုယ်တော်၏ဂုဏ်တော်ကိုချီးကူးပါမည်။ ကိုယ်တော်အားထောမနာသီချင်းဆိုပါမည်'' ဟုဖော်ပြပါရှိသည့်အတိုင်းပင်ဖြစ်ပေ သည်။-