ရှင်ယောဟန်ခရစ်ဝင် 1:43
နောက်တစ်နေ့၌ကိုယ်တော်သည်ဂါလိလဲပြည် သို့ကြွတော်မူရန် စိတ်ပိုင်းဖြတ်တော်မူ၏။ ဖိလိပ္ပု ကိုတွေ့လျှင် ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော် မူ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 1
Cross References
Matthew 4:18သခင်ယေရှုသည်ဂါလိလဲအိုင်အနီးတွင်လျှောက် သွားတော်မူစဉ် တံငါသည်ညီအစ်ကိုနှစ်ယောက်ကို မြင်တော်မူ၏။ သူတို့ကားပေတရုခေါ်ရှိမုန်နှင့် သူ၏ညီအန္ဒြေ-တို့ပင်ဖြစ်၏။ သူတို့သည်အိုင်ထဲ တွင်ကွန်ပစ်လျက်နေကြ၏။-
Matthew 10:3ဇေဗေဒဲ၏သားနှစ်ယောက်ဖြစ်ကြသောယာကုပ် နှင့်ယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊ သောမနှင့် အခွန်ခံသူမဿဲ၊ အာလဖဲ၏သားယာကုပ်နှင့် သဒ္ဒဲ၊-
John 1:28ယောဟန်ဗတ္တိဇံမင်္ဂလာပေးရာယော်ဒန်မြစ် အရှေ့ဘက်ကမ်းရှိဗေသနိရွာတွင်ဤအမှု အရာဖြစ်ပျက်သတည်း။
John 1:37သူ၏တပည့်နှစ်ယောက်တို့သည်ထိုစကားကို ကြားလျှင် သခင်ယေရှု၏နောက်တော်သို့ လိုက်သွားကြ၏။-
John 6:7ဖိလိပ္ပုက ``လူတစ်ယောက်ကိုအစားအစာ အနည်းငယ်စီကျွေးရန်ပင်လျှင် ငွေဒေနာရိ နှစ်ရာဖိုးနှင့်လုံလောက်မည်မဟုတ်ပါ'' ဟု လျှောက်၏။-
John 14:8ဖိလိပ္ပုက ``အရှင်ဘုရား၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ သို့ပြတော် မူလျှင်အကျွန်ုပ်တို့အလိုပြည့်ပါပြီ'' ဟု လျှောက်၏။