ရှင်ယောဟန်ခရစ်ဝင် 13:3
သခင်ယေရှုသည်မိမိအားခမည်းတော်က အာဏာကုန်လွှဲအပ်ထားသည်ကိုလည်းကောင်း၊ မိမိသည်ဘုရားသခင်ထံတော်မှကြွလာ ၍ ဘုရားသခင်ထံတော်သို့ပြန်တော့မည်ကို လည်းကောင်းသိတော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 13
Cross References
Matthew 28:18သခင်ယေရှုသည်တပည့်တော်တို့အနီးသို့ကြွလာ တော်မူလျက် ``ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်းရှိသမျှသောတန်ခိုး အာဏာတို့ကိုငါခံယူရရှိထားလေပြီ။-
John 1:18လူတစ်စုံတစ်ယောက်မျှဘုရားသခင်ကိုမမြင် စဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိတော် မူသော၊ ဘုရားဖြစ်တော်မူသော၊ တစ်ပါးတည်း သောသားတော်သည် ဘုရားသခင်ကိုထင်ရှား စေတော်မူပြီ။
John 3:35ခမည်းတော်သည်သားတော်ကိုချစ်တော်မူ သဖြင့် တန်ခိုးအာဏာရှိသမျှကိုသားတော် လက်သို့ပေးအပ်တော်မူပြီ။-
John 7:29ငါသည်ထိုအရှင်၏ထံမှလာသောကြောင့် လည်းကောင်း၊ ထိုအရှင်သည်ငါ့ကိုစေလွှတ် တော်မူသောကြောင့်လည်းကောင်း ငါသည်ထို အရှင်ကိုသိ၏'' ဟုကြွေးကြော်တော်မူ၏။
John 8:42သခင်ယေရှုက ``ဘုရားသခင်သည်သင်တို့၏ အဖဖြစ်ပါမူ သင်တို့သည်ငါ့ကိုချစ်ကြလိမ့် မည်။ ငါသည်ဘုရားသခင်ထံတော်မှလာ၍ ယခုဤအရပ်သို့ရောက်ရှိနေ၏။ ကိုယ်ပိုင် အခွင့်အာဏာအရလာသည်မဟုတ်။ ကိုယ် တော်သည်ငါ့ကိုစေလွှတ်တော်မူ၏။-
John 16:27အဘယ်ကြောင့်ဆိုသော်ခမည်းတော်ကိုယ်တိုင် ပင် သင်တို့အားချစ်တော်မူသောကြောင့်ဖြစ်၏။ သင်တို့သည်ငါ့ကိုချစ်၍ ငါသည်ဘုရားသခင် ထံတော်မှလာကြောင်းကိုလည်းယုံကြည်သဖြင့် ခမည်းတော်သည်သင်တို့အားချစ်တော်မူ၏။-