ရှင်ယောဟန်ခရစ်ဝင် 13:7
သခင်ယေရှုက ``ငါပြုသောအမှုကိုယခု သင်မသိ။ နောင်အခါမှသိရလိမ့်မည်'' ဟု ဖြေကြားတော်မူ၏။
Common Language Bible
In The King James Version
Jesus answered and said unto him, What I do thou knowest not now; but thou shalt know hereafter.
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 13
Cross References
Jeremiah 32:43ဤပြည်သည်လူနှင့်တိရစ္ဆာန်ကင်းမဲ့သည့် သဲကန္တာရကဲ့သို့ဖြစ်လိမ့်မည်ဟူ၍လည်း ကောင်း၊ ဗာဗုလုန်ပြည်သားတို့၏လက်တွင်း သို့ကျရောက်ရလိမ့်မည်ဟူ၍လည်းကောင်း လူတို့ပြောဆိုနေကြ၏။ သို့ရာတွင်ဤ ပြည်ရှိလယ်ယာများကိုအရောင်းအဝယ် ပြုလုပ်ကြလိမ့်မည်။-
Daniel 12:12ရက်ပေါင်းတစ်ထောင့်သုံးရာသုံးဆယ့်ငါးရက် ကုန်ဆုံးချိန်တိုင်အောင် သစ္စာရှိသူတို့သည် မင်္ဂလာရှိကြ၏။
John 12:16တပည့်တော်တို့သည်ထိုစဉ်အခါကဤ ကျမ်းချက်ကိုနားမလည်ကြ။ သခင်ယေရှု ဘုန်းအသရေပွင့်တော်မူသောအခါကျမှ ဤကျမ်းချက်ကားကိုယ်တော်၏အကြောင်း ဖော်ပြသည်ကိုလည်းကောင်း၊ ကိုယ်တော်၏ အတွက်ထိုသို့ပြုခဲ့ကြသည်ကိုလည်းကောင်း ပြန်လည်သတိရကြ၏။
John 13:36ရှိမုန်ပေတရုက ``သခင်၊ အဘယ်အရပ်သို့ ကြွတော်မူပါမည်နည်း'' ဟုမေးလျှောက်၏။ သခင်ယေရှုက ``ငါသွားရာကိုသင်ယခု မလိုက်နိုင်။ နောင်အခါမှလိုက်ရလိမ့်မည်'' ဟု ဖြေကြားတော်မူ၏။
James 5:7သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့သည်သခင် ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံ ၍စောင့်မျှော်နေကြလော့။ လယ်သမားသည်မိမိ လယ်ယာမှအဖိုးတန်အသီးအနှံများထွက် နိုင်ရန် မိုးဦးနှင့်မိုးနှောင်းရွာပြီးသည့်တိုင် အောင်စောင့်မျှော်တတ်၏။-