ရှင်ယာကုပ်ဩဝါဒစာ 5:7
သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့သည်သခင် ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံ ၍စောင့်မျှော်နေကြလော့။ လယ်သမားသည်မိမိ လယ်ယာမှအဖိုးတန်အသီးအနှံများထွက် နိုင်ရန် မိုးဦးနှင့်မိုးနှောင်းရွာပြီးသည့်တိုင် အောင်စောင့်မျှော်တတ်၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယာကုပ်ဩဝါဒစာ 5
Cross References
Deuteronomy 11:14သို့မှသာထာဝရဘုရားသည်သင်တို့ အတွက်စပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ သင်တို့ ၏တိရစ္ဆာန်များအတွက် မြက်စသည်တို့ကို ရရှိစေရန်ဆောင်းဦးပေါက်မိုး၊ နွေဦးပေါက် မိုးကိုအချိန်တန်သောအခါရွာစေတော် မူမည်။ သင်တို့သည်အစာရေစာအလုံ အလောက်ရရှိလိမ့်မည်။-
Hosea 6:3ငါတို့သည်ထာဝရဘုရားကိုသိကျွမ်း ရန်ကြိုးစားအားထုတ်ကြကုန်အံ့။ နံနက် အရုဏ်တက်မြဲတက်သကဲ့သို့လည်းကောင်း၊ မိုးရာသီတွင်မြေကြီးပေါ်သို့မိုးရွာမြဲ ရွာသကဲ့သို့လည်းကောင်း ကိုယ်တော်သည် ငါတို့ထံသို့မုချကြွလာတော်မူမည်'' ဟုဆိုကြ၏။
Zechariah 10:1နွေဦးပေါက်သောအခါမိုးရွာစေရန်ထာဝရ ဘုရားအား လျှောက်ထားတောင်းခံကြလော့။ မိုး တိမ်များကိုစေလွှတ်ကာမိုးရွာစေ၍လူခပ် သိမ်းတို့အတွက် လယ်ပြင်များကိုစိမ်းလန်း စေတော်မူသောအရှင်ကားထာဝရဘုရား ပေတည်း။-
Matthew 24:44လူသားသည်သင်တို့မမျှော်သောအချိန်၌ကြွ လာတော်မူမည်ဖြစ်၍သင်တို့သည်လည်းအမြဲ အဆင်သင့်ရှိကြလော့။
Luke 18:8သင်တို့အားငါဆိုသည်ကားကိုယ်တော်သည် ဆောလျင်စွာ ထိုသူတို့အတွက်တရားသဖြင့် ဖြစ်စေရန်စီရင်တော်မူပေအံ့။ သို့ရာတွင် လူသားကြွလာတော်မူသောအခါ၌ ဤ လောကတွင်ယုံကြည်ခြင်းကိုတွေ့ရပါ မည်လော'' ဟုမိန့်တော်မူ၏။
Romans 2:7အကျင့်ကောင်းကိုဆက်လက်ပြုကျင့်လျက် ဘုန်းအသရေကိုလည်းကောင်း၊ ဂုဏ်အသရေ ကိုလည်းကောင်း၊ သေခြင်းကင်းသောဘဝကို လည်းကောင်းရှာသောသူတို့အား ဘုရားသခင် သည်ထာဝရအသက်ကိုပေးတော်မူလိမ့်မည်။-