ရှင်ယောဟန်ခရစ်ဝင် 14:11
ငါသည်ခမည်းတော်၌တည်နေ၍ခမည်း တော်သည်လည်း ငါ၌တည်နေတော်မူသည် ဟုငါပြောသည်ကိုယုံကြလော့။ မယုံလျှင် ငါပြုသောအမှုများကိုထောက်၍ယုံကြ လော့။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 14
Cross References
Matthew 11:4သခင်ယေရှုကထိုသူတို့အား ``သင်တို့မြင်ရ ကြားရသည့်အရာများကိုယောဟန်ထံသွား ၍ပြောပြကြလော့။-
John 5:36သို့ရာတွင်ယောဟန်၏သက်သေခံချက်ထက် ကြီးမြတ်သည့်သက်သေခံချက်ငါ့မှာရှိ၏။ ခမည်းတော်ငါ့အားပေးအပ်သဖြင့် ယခုငါ လုပ်ဆောင်လျက်ရှိသည့်အမှုအရာများကပင် ငါ့ကိုခမည်းတော်စေလွှတ်တော်မူကြောင်းကို သက်သေခံကြ၏။-
John 10:32သခင်ယေရှုက ``ခမည်းတော်စေခိုင်းတော်မူ သဖြင့် ငါသည်ကောင်းမြတ်သောအမှုများ ကိုပြုခဲ့၏။ ၎င်းအမှုများအနက်အဘယ် အမှုကြောင့်ငါ့အားသင်တို့ခဲနှင့်ပေါက်လို ကြသနည်း'' ဟုမေးတော်မူ၏။
John 12:38ဤသို့ဖြစ်ရသည်မှာ၊ ``အို ထာဝရဘုရား၊အဘယ်သူသည် အကျွန်ုပ်တို့၏ ဟောပြောချက်ကိုယုံပါသနည်း။ ထာဝရဘုရားသည်တန်ခိုးတော်ကိုအဘယ် သူအား ထင်ရှားပါသနည်း။ ဟုဟေရှာယမြွက်ဆိုခဲ့သည့်အတိုင်းဖြစ် ပျက်ခြင်းပင်ဖြစ်၏။-
Acts 2:22``အို ဣသရေလအမျိုးသားတို့၊ ငါ့စကား ကိုနားထောင်ကြလော့။ ဘုရားသခင်သည်ထူး ဆန်းအံ့သြဖွယ်ရာများနှင့်နိမိတ်လက္ခဏာ များကို နာဇရက်မြို့သားယေရှုအားဖြင့်ပြ တော်မူခဲ့၏။ သို့ဖြစ်၍ထိုအရှင်သည်ဘုရား သခင်၏တန်ခိုးအာဏာတော်နှင့်ပြည့်ဝသူ ဖြစ်ကြောင်းသိသာထင်ရှားပေသည်။ ထိုအဖြစ် အပျက်များမှာသင်တို့ရှေ့မှောက်တွင်ဖြစ်ပျက် ခဲ့သဖြင့် ယင်းတို့ကိုသင်တို့ကိုယ်တိုင်သိရှိ ကြသည်။-