ရှင်ယောဟန်ခရစ်ဝင် 14:16
ငါသည်ခမည်းတော်အားတောင်းလျှောက် သဖြင့်သင်တို့နှင့်အတူအစဉ်အမြဲရှိ၍ သင်တို့အားမစတော်မူသောအခြား အရှင်တစ်ပါးကိုပေးတော်မူလိမ့်မည်။-
Common Language Bible
In The King James Version
In Context
15``သင်တို့သည်ငါ့ကိုချစ်လျှင်ငါ့ပညတ် တို့ကိုစောင့်ထိန်းလိမ့်မည်။-
Read all of ရှင်ယောဟန်ခရစ်ဝင် 14
Cross References
John 4:14ငါပေးမည့်ရေကိုသောက်သူမူကားအဘယ် အခါမျှရေငတ်တော့မည်မဟုတ်။ ထိုရေသည် သူ၏အတွင်း၌ထာဝစဉ်စမ်းပေါက်လျက် သူ့ အားထာဝရအသက်ကိုရရှိစေလိမ့်မည်'' ဟုမိန့်တော်မူ၏။
John 14:18``ငါသည်သင်တို့အားခိုကိုးရာမဲ့ဖြစ်စေ မည်မဟုတ်။ သင်တို့ထံသို့ငါလာဦးမည်။-
John 15:26``ခမည်းတော်ထံမှကြွလာ၍ဘုရားသခင် အကြောင်းဆိုင်ရာသမ္မာတရားကို ဖော်ပြသည့် မစတော်မူသောအရှင်တည်းဟူသောဝိညာဉ် တော်သည်ရောက်လာတော်မူသောအခါ ငါ၏ အကြောင်းကိုပြောကြားတော်မူလိမ့်မည်။ ထို အရှင်ကိုခမည်းတော်ထံမှသင်တို့ထံသို့ ငါစေလွှတ်မည်။-
John 16:22သင်တို့သည်လည်းယခုအခါဝမ်းနည်းလျက် ရှိကြ၏။ သို့သော်လည်းသင်တို့နှင့်တစ်ဖန်ငါ ပြန်၍တွေ့ဦးမည်ဖြစ်သဖြင့် သင်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့၏ဝမ်းမြောက် ခြင်းကိုအဘယ်သူမျှမနုတ်မယူနိုင်။''
John 17:9``အကျွန်ုပ်သည်သူတို့အတွက်ဆုတောင်းပါ၏။ လောကသားတို့အတွက်ဆုတောင်းသည်မဟုတ် ပါ။ အကျွန်ုပ်အားကိုယ်တော်ပေးအပ်တော်မူသော သူများသည်ကိုယ်တော်ပိုင်ဆိုင်သူများဖြစ် သဖြင့် ထိုသူတို့အတွက်သာလျှင်ဆုတောင်း ပါ၏။-
John 17:20``အကျွန်ုပ်သည်ထိုသူတို့အတွက်သာလျှင် ဆုတောင်းသည်မဟုတ်ပါ။ သူတို့ဟောပြော ချက်ကြောင့်အကျွန်ုပ်ကိုယုံကြည်လာသူများ အတွက်လည်းဆုတောင်းပါ၏။-