ရှင်ယောဟန်ခရစ်ဝင် 16:14
ထိုအရှင်သည်ငါ့ထံမှရရှိသောစကား ကိုသင်တို့အားပြောကြားမည်ဖြစ်သဖြင့် ငါ၏ဘုန်းအသရေကိုထွန်းတောက်စေ တော်မူလိမ့်မည်။-
Common Language Bible
In The King James Version
He shall glorify me: for he shall receive of mine, and shall shew it unto you.
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 16
Cross References
John 7:39သခင်ယေရှုသည်ဘုန်းအသရေပွင့်တော်မမူ သေးသဖြင့် ဝိညာဉ်တော်ကိုလည်းကိုယ်တော် ကိုသက်ဝင်ယုံကြည်သူတို့အားမပေးမအပ် ရသေးပေ။ သို့ဖြစ်၍ထိုသူတို့ခံယူကြရ မည့်ဝိညာဉ်တော်ကိုရည်မှတ်၍ ဤသို့ကြွေး ကြော်တော်မူခြင်းဖြစ်၏။
John 16:9ထိုသူတို့သည်ငါ့ကိုမယုံကြည်ကြသော ကြောင့်အပြစ်အကြောင်းကိုဖော်ပြမည်။-
Acts 4:10နာဇရက်မြို့သားယေရှုခရစ်၏နာမတော် တန်ခိုးအားဖြင့် ထိုသူသည်ခြေစွမ်းသန်လာ ၍ ယခုသင်တို့ရှေ့တွင်ရပ်လျက်နေသည်ကို သင်တို့နှင့်အတူဣသရေလအမျိုးသား အပေါင်းတို့သိမှတ်ကြလော့။ ထိုအရှင် ကားသင်တို့လက်ဝါးကပ်တိုင်ပေါ်မှာတင် ၍သတ်ပြီးနောက် ဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူသောသူဖြစ်သတည်း။
1 Corinthians 12:3အဘယ်သူမဆိုဘုရားသခင်၏ဝိညာဉ် တော်ဦးဆောင်မှုကိုခံယူရရှိလျှင် သခင် ယေရှုအားကျိန်စာမသင့်စေနိုင်။ သန့်ရှင်း သောဝိညာဉ်တော်၏ရှေ့ဆောင်လမ်းပြမှုကို မခံယူမရရှိလျှင် ``ယေရှုသည်အရှင် သခင်ဖြစ်ပါသည်'' ဟုမည်သူမျှဝန်မခံ နိုင်ကြောင်းကိုသင်တို့အားသိစေလို၏။
2 Corinthians 4:6ခရစ်တော်၏မျက်နှာတော်တွင်ထွန်းတောက် လျက်ရှိသော ဘုန်းအသရေတော်အကြောင်း ကိုသိနားလည်နိုင်စေရန် ငါတို့၏စိတ်နှလုံး ထဲ၌အလင်းကိုထွန်းလင်းစေတော်မူသော ဘုရားသခင်ကား `အမှောင်ထဲမှအလင်း ပေါ်ထွန်းလိမ့်မည်' ဟုမိန့်ကြားတော်မူခဲ့ သောဘုရားသခင်ပင်ဖြစ်သတည်း။
1 Peter 1:10ပရောဖက်များသည်ယင်းကယ်တင်ခြင်းနှင့် ပတ်သက်၍အသေအချာစုံစမ်းရှာဖွေခဲ့ ကြ၏။ သင်တို့အားဘုရားသခင်ပေးတော် မူမည့်ဤဆုကျေးဇူးအကြောင်းကိုဟော ကြားခဲ့ကြ၏။-