The Bible Software
bible.software › ရှင်ယောဟန်ခရစ်ဝင် › ရှင်ယောဟန်ခရစ်ဝင် 16 › ရှင်ယောဟန်ခရစ်ဝင် 16:13

ရှင်ယောဟန်ခရစ်ဝင် 16:13

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အ​ကြောင်း​နှင့်​စပ် လျဉ်း​၍ သမ္မာ​တ​ရား​ကို​ဖွင့်​ပြ​သည့်​ဝိ​ညာဉ် တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ သင်​တို့​အား သမ္မာ​တ​ရား​အ​ကြောင်း​အ​လုံး​စုံ​ကို​ဖွင့်​ပြ တော်​မူ​လိမ့်​မည်။ ထို​ဝိ​ညာဉ်​တော်​သည်​ကိုယ့် အ​လို​အ​လျောက်​မိန့်​ကြား​တော်​မူ​မည်​မ​ဟုတ်။ မိ​မိ​ကြား​သိ​ရ​သည့်​အ​ကြောင်း​အ​ရာ​များ ကို​သာ​သင်​တို့​အား​မိန့်​ကြား​တော်​မူ​လိမ့်​မည်။ နောက်​ဖြစ်​လတ္တံ့​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​လည်း​ဖွင့်​ပြ​တော်​မူ​လိမ့်​မည်။-

Common Language Bible

In The King James Version

Howbeit when he, the Spirit of truth, is come, he will guide you into all truth: for he shall not speak of himself; but whatsoever he shall hear, that shall he speak: and he will shew you things to come.

In Context

12``သင်​တို့​အား​ငါ​ပြော​စ​ရာ​များ​ရှိ​သေး သော်​လည်း​ယ​ခု​သင်​တို့​ခံ​ယူ​နိုင်​ကြ​မည် မ​ဟုတ်။-

14ထို​အ​ရှင်​သည်​ငါ့​ထံ​မှ​ရ​ရှိ​သော​စ​ကား ကို​သင်​တို့​အား​ပြော​ကြား​မည်​ဖြစ်​သ​ဖြင့် ငါ​၏​ဘုန်း​အ​သ​ရေ​ကို​ထွန်း​တောက်​စေ တော်​မူ​လိမ့်​မည်။-

Read all of ရှင်ယောဟန်ခရစ်ဝင် 16

Cross References

John 3:32ထို​အ​ရှင်​သည်​မိ​မိ​မြင်​ခဲ့​ကြား​ခဲ့​ရ​သော အ​ရာ​များ​အ​ကြောင်း​ကို​ဟော​ပြော​တော်​မူ သော်​လည်း ကိုယ်​တော်​၏​ဟော​ပြော​ချက်​ကို အ​ဘယ်​သူ​မျှ​လက်​မ​ခံ​ကြ။-

John 8:38ငါ​သည်​ငါ့​ခမည်း​တော်​ထံ​မှ​သိ​ရှိ​သော​အ​ရာ များ​ကို​ဟော​ပြော​၏။ သင်​တို့​မူ​ကား​သင်​တို့ အ​ဖ​ညွှန်​ကြား​သည့်​အ​တိုင်း​ပြု​ကြ​၏'' ဟု မိန့်​တော်​မူ​၏။

John 14:6သ​ခင်​ယေ​ရှု​က ``ငါ​သည်​ခ​ရီး​လမ်း​ဖြစ်​၏။ သမ္မာ​တ​ရား​လည်း​ဖြစ်​၏။ အ​သက်​လည်း​ဖြစ်​၏။ ငါ့​ကို​အ​မှီ​မ​ပြု​ဘဲ​အ​ဘယ်​သူ​မျှ​ခ​မည်း တော်​ထံ​သို့​မ​ရောက်​နိုင်။-

John 14:26သို့​ရာ​တွင်​ခ​မည်း​တော်​သည်​ငါ့​နာ​မ​ကြောင့် စေ​လွှတ်​တော်​မူ​မည့်​မ​စ​တော်​မူ​သော​အ​ရှင် တည်း​ဟူ​သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သွန်​သင် ပေး​တော်​မူ​၍ ငါ​ပြော​ခဲ့​သ​မျှ​သော​အ​ရာ​တို့ ကို​သင်​တို့​အား​ပြန်​လည်​သ​တိ​ရ​စေ​တော် မူ​လိမ့်​မည်။

Acts 2:17`အ​ဆုံး​စွန်​သော​နေ့​များ​၌​ငါ​သည်​လူ​မျိုး အ​ပေါင်း​တို့ အ​ပေါ်​သို့​ငါ​၏​ဝိ​ညာဉ်​တော်​ကို​သွန်း​လောင်း မည်။ သင်​တို့​၏​သား​သ​မီး​များ​သည်​ငါ​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​ဟော​ပြော​ကြ​လိမ့်​မည်။ လူ​ပျို​လူ​ရွယ်​တို့​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို မြင်​ကြ​လိမ့်​မည်။ လူ​အို​တို့​သည်​အိပ်​မက်​များ​မြင်​မက်​ကြ​လိမ့်​မည်။

Acts 20:23သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က `သင်​သည်​ချည် နှောင်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​ရ​လိမ့်​မည်' ဟူ ၍​မြို့​တိုင်း​တွင် ငါ့​အား​ကြို​တင်​သ​တိ​ပေး သည်​ကို​သာ​လျှင်​ငါ​သိ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ရှင်ယောဟန်ခရစ်ဝင် 16:13

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)
← ရှင်ယောဟန်ခရစ်ဝင် 16:12ရှင်ယောဟန်ခရစ်ဝင် 16ရှင်ယောဟန်ခရစ်ဝင် 16:14 →