ရှင်ယောဟန်ခရစ်ဝင် 17:15
သူတို့အားဤလောကမှနုတ်ယူတော်မူရန် အကျွန်ုပ်တောင်းလျှောက်သည်မဟုတ်ပါ။ သူတို့ သည်မာရ်နတ်၏ဘေးမှကင်းလွတ်မည့်အကြောင်း စောင့်ထိန်းတော်မူရန်ကိုသာတောင်းလျှောက်ပါ၏။-
Common Language Bible
In The King James Version
In Context
16အကျွန်ုပ်သည်ဤလောကနှင့်မသက်ဆိုင် သကဲ့သို့ ထိုသူတို့သည်လည်းမသက်ဆိုင် ကြပါ။-
Read all of ရှင်ယောဟန်ခရစ်ဝင် 17
Cross References
Psalms 30:9``ကျွန်တော်မျိုးသေရခြင်းဖြင့်အဘယ်အကျိုး ရှိပါမည်နည်း။ သင်္ချိုင်းတွင်းသို့ရောက်ရခြင်းဖြင့်အဘယ်အကျိုး ဖြစ်ထွန်းပါမည်နည်း။ သူသေတို့သည်ကိုယ်တော်ရှင်အားထောမနာ ပြုနိုင်ပါသလော။ သူတို့သည်ကိုယ်တော်ရှင်၏သစ္စာတော်ကို ဖော်ပြကြေညာနိုင်ကြပါသလော။
Ecclesiastes 9:10ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။
Isaiah 57:1သူတော်ကောင်းတို့သည်သေရကြ၏။ ထိုသူတို့ ယင်းသို့သေသည့်အကြောင်းကိုအဘယ်သူမျှ နားမလည်ကြ။ ဂရုလည်းမစိုက်ကြ။ သို့ရာ တွင်သူတို့သည်သေသောအခါအတိဒုက္ခ ကင်းငြိမ်းရာအရပ်သို့ရောက်ရှိကြလေသည်။-
Matthew 6:13အကျွန်ုပ်တို့အားကြီးမားသောစုံစမ်း သွေးဆောင်ခြင်းကိုခံစေတော်မမူဘဲ၊ စာတန်မာရ်နတ်ဘေးရန်မှကာကွယ်တော်မူပါ' ဟူ၍ဆုတောင်းကြလော့။
Luke 11:4အကျွန်ုပ်တို့အားသူတစ်ပါးတို့မှားမိသည့် အပြစ်များကို၊ အကျွန်ုပ်တို့ဖြေလွှတ်ကြသကဲ့သို့အကျွန်ုပ် တို့၏ အပြစ်များကိုဖြေလွှတ်တော်မူပါ။ အကျွန်ုပ်တို့သည်လွန်ကဲသောစုံစမ်းသွေး ဆောင်ခြင်းကို မခံရပါစေနှင့်' ဟူ၍မြွက်ဆိုကြလော့'' ဟုမိန့်တော်မူ၏။