ရှင်ယောဟန်ခရစ်ဝင် 18:18
ထိုအခါယဇ်ပုရောဟိတ်ကြီးများ၏အစောင့် တပ်သားများနှင့်အစေခံများသည်ချမ်းသဖြင့် မီးသွေးမီးလင်းဖိုပတ်လည်တွင်ရပ်၍မီးလှုံ လျက်နေကြ၏။ ပေတရုသည်လည်းထိုသူ တို့နှင့်အတူရပ်၍မီးလှုံနေ၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 18
Cross References
Genesis 49:6သူတို့သည်ဒေါသထွက်၍လူတို့ကိုသတ် လျက် နွားထီးများ၏ခြေတို့ကိုအပျော်သက်သက် ရိုက်ချိုးခဲ့ကြသောကြောင့် ငါသည်သူတို့၏လျှို့ဝှက်ကြံစည်မှု၌ ပါဝင်မည်မဟုတ်။ သူတို့၏အစည်းအဝေးသို့လည်း တက်ရောက်မည်မဟုတ်။
Psalms 1:1သူယုတ်မာတို့၏အကြံဉာဏ်ကိုလက်မခံ၊ အပြစ်ကူးသူတို့၏စံနမူနာကိုမလိုက်၊ ထာဝရဘုရားကိုပစ်ပယ်သူတို့နှင့်လည်း မပေါင်းမဖော်သောသူတို့သည်မင်္ဂလာရှိကြ၏။
Proverbs 13:20ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည် ပညာ ရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား၊ ပျက်စီးတတ်၏။
Mark 14:67ပေတရုမီးလှုံနေသည်ကိုမြင်သောအခါ သူ့ ကိုစေ့စေ့ကြည့်၍ ``သင်သည်လည်းနာဇရက် မြို့သားယေရှု၏အပေါင်းအဖော်ဖြစ်၏'' ဟု ဆို၏။
Luke 22:55လူအချို့တို့သည်အိမ်တော်ဝင်းအလယ်တွင် မီးဖို၍ထိုင်နေကြ၏။ ပေတရုသည် သူတို့ ၏ကြားတွင်ဝင်၍ထိုင်၏။-
John 21:9သူတို့သည်လှေပေါ်ကဆင်း၍ကုန်းပေါ်သို့ ရောက်ကြသောအခါမုန့်ကိုလည်းကောင်း၊ မီးကျီးပေါ်တွင်ကင်ထားသောငါးကို လည်းကောင်းတွေ့ကြ၏။-