ရှင်ယောဟန်ခရစ်ဝင် 18:30
ထိုသူတို့က ``ဤသူသည်ပြစ်မှုတစ်စုံတစ်ရာ ကူးလွန်သူမဟုတ်ပါက သူ့အားအရှင့်ထံသို့ အကျွန်ုပ်တို့ခေါ်ဆောင်လာမည်မဟုတ်ပါ'' ဟု လျှောက်ကြ၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 18
Cross References
Mark 10:33ကိုယ်တော်က ``နားထောင်ကြလော့။ ငါတို့သည် ယေရုရှလင်မြို့သို့ခရီးပြုလျက်ရှိကြ၏။ ယေရုရှလင်မြို့တွင်လူသားအား ယဇ်ပုရော ဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာများ၏ လက်သို့အပ်နှံကြလိမ့်မည်။ သူတို့သည်လူ သားအားသေဒဏ်စီရင်၍ လူမျိုးခြားတို့၏ လက်သို့အပ်နှံကြလိမ့်မည်။-
Luke 20:19ကျမ်းတတ်ဆရာနှင့်ယဇ်ပုရောဟိတ်ကြီးများ သည် မိမိတို့ကိုရည်စူး၍ဤပုံဥပမာကို မိန့်တော်မူကြောင်းသိကြသဖြင့် ချက်ချင်း ပင်ကိုယ်တော်ကိုဖမ်းဆီးရန်ကြံစည်ကြ၏။ သို့ရာတွင်လူတို့ကိုကြောက်ကြ၏။-
Luke 24:7`လူသားသည်အပြစ်ကူးသူတို့၏လက်သို့ အပ်ခြင်းခံရလိမ့်မည်။ လက်ဝါးကပ်တိုင်မှာတင် ၍အသတ်ခံရလိမ့်မည်။ ထိုနောက်တတိယနေ့၌ သေခြင်းမှရှင်ြုပန်ထမြောက်တော်မူလိမ့်မည်' ဟူ၍ သင်တို့အားပြောကြားခဲ့သည်ကိုသတိရကြ လော့'' ဟုဆို၏။
Acts 3:13အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရား၊ ငါတို့ ဘိုးဘေးများ၏ဘုရားသည်ဤအမှုအရာ အားဖြင့် မိမိ၏အစေခံယေရှုကိုဘုန်းအသ ရေထွန်းတောက်စေတော်မူပြီ။ သင်တို့သည်ထို အရှင်ကိုရန်သူ့လက်သို့အပ်နှံ၍ ပိလတ်မင်း ၏ရှေ့တော်တွင်ပစ်ပယ်ခဲ့ကြ၏။ ပိလတ်မင်း သည်ထိုအရှင်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး ရန်ဆုံးဖြတ်သော်လည်း၊-