ရှင်မာကုခရစ်ဝင် 10:33
ကိုယ်တော်က ``နားထောင်ကြလော့။ ငါတို့သည် ယေရုရှလင်မြို့သို့ခရီးပြုလျက်ရှိကြ၏။ ယေရုရှလင်မြို့တွင်လူသားအား ယဇ်ပုရော ဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာများ၏ လက်သို့အပ်နှံကြလိမ့်မည်။ သူတို့သည်လူ သားအားသေဒဏ်စီရင်၍ လူမျိုးခြားတို့၏ လက်သို့အပ်နှံကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ရှင်မာကုခရစ်ဝင် 10
Cross References
Matthew 17:22ကိုယ်တော်နှင့်တပည့်တော်တို့သည်ဂါလိလဲပြည် တွင်လှည့်လည်နေကြစဉ်သခင်ယေရှုက ``လူတို့ ၏လက်တွင်းသို့လူသားကိုအပ်နှံကြလိမ့်မည်။-
Matthew 26:66အဘယ်သို့ဆုံးဖြတ်ချက်ချရမည်နည်း'' ဟုမေး၏။ ထိုသူတို့က ``ပြစ်မှုထင်ရှားသဖြင့်သူ့ကိုသေဒဏ် ပေးရမည်'' ဟုဆိုကြ၏။
Mark 8:31ကိုယ်တော်က ``လူသားသည်ဒုက္ခဝေဒနာများစွာ ခံတော်မူရမည်။ ဘာသာရေးခေါင်းဆောင်များ၊ ယဇ် ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများ သည်လူသားကိုပစ်ပယ်ကြလိမ့်မည်။ သူသည် အသတ်ခံရမည်။ သို့သော်အသတ်ခံရပြီးနောက် သုံးရက်ကြာသော်ရှင်ပြန်ထမြောက်လိမ့်မည်'' ဟု တပည့်တော်တို့အားသွန်သင်တော်မူ၏။-
Mark 14:64ဘုရားသခင်အားထိုသူပြစ်မှားပြောဆိုသည် ကိုသင်တို့ကြားရကြပြီ။ သင်တို့မည်သို့စီရင် ချက်ချမှတ်ကြမည်နည်း'' ဟုဆို၏။ ထိုသူအားလုံးတို့က ``ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ပေးထိုက်သည်'' ဟုစီရင်ချက်ချမှတ် ကြ၏။-
Luke 9:22ထိုနောက်ဆက်လက်၍ ``လူသားသည်ဝေဒနာများ စွာခံတော်မူရမည်။ ဘာသာရေးခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်သူ့ကိုပစ်ပယ်ကြလိမ့်မည်။ လူသား သည်အသေခံရမည်။ သုံးရက်မြောက်သောနေ့ ၌ရှင်ပြန်ထမြောက်လိမ့်မည်'' ဟုတပည့်တော် တို့အားမိန့်တော်မူ၏။
Luke 23:1တရားလွှတ်တော်တစ်ဖွဲ့လုံးသည်ထ၍ကိုယ်တော် အား ပိလတ်မင်းထံသို့ခေါ်ဆောင်သွားကြ၏။-