ရှင်ယောဟန်ခရစ်ဝင် 19:12
ဤသို့မိန့်တော်မူသောကြောင့်ပိလတ်မင်းသည် ကိုယ်တော်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးရန် နည်းလမ်းရှာကြံလေတော့၏။ သို့ရာတွင်လူ ထုက ``ထိုသူအားလွတ်ငြိမ်းချမ်းသာခွင့်ပေး ပါမူအရှင်မင်းကြီးသည်ဧကရာဇ်မင်း၏ အဆွေတော်မဟုတ်တော့ပြီ။ မည်သူမဆို မိမိကိုယ်ကိုရှင်ဘုရင်ဟုဆိုသူသည် ဧကရာဇ်မင်းကိုပုန်ကန်သူဖြစ်ပါ၏'' ဟု ဟစ်အော်ကြ၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 19
Cross References
Ezra 4:14``အကျွန်ုပ်တို့သည်အရှင်၏ကျေးဇူးတော်နှင့်မကင်းသူများဖြစ်သည့်အလျောက် ယင်းသို့အခွန်တော်ယုတ်လျော့မှုကိုမတွေ့မမြင်လိုကြပါ။-
Luke 23:2ထိုနောက်သူတို့က ``ဤသူသည်ပြည်သူတို့အား လမ်းလွဲစေရန် ကဲသာဘုရင်အားအခွန်တော် မပေးမဆက်နှင့်ဟုတားမြစ်သည်ကိုလည်း ကောင်း၊ မိမိကိုယ်ကိုမေရှိယတည်းဟူသော ဘုရင်တစ်ပါးဖြစ်ကြောင်းပြောဆိုသည်ကို လည်းကောင်း အကျွန်ုပ်တို့တွေ့ရှိရပါ၏'' ဟု ဆို၍ကိုယ်တော်ကိုစွပ်စွဲကြ၏။
John 19:22ပိလတ်မင်းက ``ငါရေးပြီးသည့်အတိုင်း အတည်ဖြစ်စေရမည်'' ဟုပြန်ပြော၏။
Acts 24:24ရက်အနည်းငယ်ကြာသောအခါဖေလဇ်သည် မိမိ၏ဇနီးဒြုသိလေနှင့်အတူလာရောက်၏။ ဒြုသိလေကားယုဒအမျိုးသမီးဖြစ်၏။ ဖေလဇ် သည်ပေါလုကိုအခေါ်ခိုင်းပြီးလျှင် ခရစ်တော် ယေရှုအားယုံကြည်ခြင်းနှင့်ပတ်သက်၍ ပေါလု ဟောပြောသောတရားစကားများကိုကြား နာလေသည်။-