ရှင်ယောဟန်ခရစ်ဝင် 19:25
ထိုအခါကိုယ်တော်၏မယ်တော်နှင့်မယ်တော် ၏ညီမသည်လည်းကောင်း၊ ကလောဖ၏ဇနီး ဖြစ်သူမာရိနှင့်မာဂဒလမြို့သူမာရိ သည်လည်းကောင်း သခင်ယေရှု၏လက်ဝါး ကပ်တိုင်အနီးတွင်ရပ်လျက်နေကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 19
Cross References
Matthew 27:55ထိုအရပ်တွင်အဝေးကရပ်လျက်ကြည့်နေသော အမျိုးသမီးများရှိ၏။ သူတို့သည်ကားဂါလိလဲ ပြည်မှသခင်ယေရှု၏နောက်တော်သို့လိုက်၍လုပ် ကျွေးသမှုပြုကြသူများတည်း။-
Mark 16:9[တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ကိုယ်တော် သည်သြေခင်းမှထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလရွာသူမာရိအားကိုယ်ထင်ပြတော်မူ၏။ မာဂဒလရွာသူမာရိထံမှနတ်မိစ္ဆာခုနစ်ဦးကို ကိုယ်တော်နှင်ထုတ်ပေးခဲ့၏။-
Luke 8:2တစ်ကျိပ်နှစ်ပါးသောတမန်တော်တို့သည်ကိုယ်တော် နှင့်အတူလိုက်ပါလာကြ၏။ အနာရောဂါဘေး၊ နတ်မိစ္ဆာဘေးမှကိုယ်တော်ကင်းလွတ်စေခဲ့သော အမျိုးသမီးအချို့တို့လည်းလိုက်ပါလာကြ၏။ ထိုသူတို့အနက်နတ်မိစ္ဆာခုနစ်ဖော်စွန့်ခွာသွား သောမာဂဒလမြို့သူမာရိ၊-
Luke 24:18သူတို့အနက်ကလောဖဆိုသူက ``ယေရုရှလင် မြို့သို့လာရောက်သောဧည့်သည်များအနက်သင် တစ်ဦးတည်းသာလျှင် ဤရက်များအတောအတွင်း ၌ယေရုရှလင်မြို့တွင်ဖြစ်ပျက်သည့်အမှုအရာ များအကြောင်းကိုမသိဘဲနေပါသလော'' ဟု ဆို၏။
John 20:11မာရိသည်သင်္ချိုင်းတော်အနီးတွင်ငိုကြွေးလျက် ရပ်နေ၏။ သူသည်ငိုကြွေးနေစဉ်ငုံ့၍ဂူထဲသို့ ကြည့်လိုက်ရာ၊-