ရှင်ယောဟန်ခရစ်ဝင် 19:27
ထိုနောက်တပည့်တော်အား ``ဤမှာသင်၏ အမိ'' ဟုမိန့်မြွက်တော်မူ၏။ ထိုအခါမှ စ၍ထိုတပည့်တော်သည်မယ်တော်အား မိမိ၏အိမ်တွင်ပြုစုစောင့်ရှောက်ထားလေ သည်။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 19
Cross References
Genesis 47:12ယောသပ်သည်အဖနှင့်အစ်ကိုများအပါ အဝင် ယာကုပ်၏မိသားစုအားလုံးတို့ အားစားနပ်ရိက္ခာထောက်ပံ့လေ၏။
Matthew 25:40ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန်သင် တို့အားငါဆိုသည်ကား၊ ဤငါ၏ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူတစ်စုံတစ်ယောက်အား သင်တို့ပြုစုခဲ့သမျှသည်ငါ့အားပြုစုခြင်း ပင်မည်၏' ဟုမိန့်တော်မူလိမ့်မည်။
John 1:11ကိုယ်တော်သည်မိမိနေရင်းပြည်သို့ကြွတော်မူ သော်လည်း မိမိ၏ပြည်သားများကလက်မခံ ကြ။-
Acts 21:6ထိုနောက်တစ်ဦးနှင့်တစ်ဦးနှုတ်ဆက်ပြီးလျှင် ကျွန်ုပ်တို့သည်သင်္ဘောပေါ်သို့တက်၍သူတို့ သည်မိမိတို့အိမ်သို့ပြန်ကြ၏။
1 John 3:18သားသမီးတို့၊ ငါတို့၏မေတ္တာသည်နှုတ်ဖျား ၌သာတည်သောမေတ္တာမဖြစ်သင့်။ လက်တွေ့အား ဖြင့်ဖော်ပြထားသောမေတ္တာစစ်မေတ္တာမှန်ဖြစ် ရမည်။